ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 34:14-25 Judson Bible (BJB)

14. အခြားသောဘုရားကို သင်သည်မကိုးကွယ်ရ။ အပြစ်ရှိယုံလွယ်အမည်ရှိသော ထာဝရဘုရားသည် အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရားသခင်ဖြစ်တော်မူ၏။

15. သင်သည် ထိုပြည်သူပြည်သားတို့နှင့် မိဿဟာယဖွဲ့သဖြင့်၊ သူတို့သည် မိမိတို့ဘုရားနှင့် မှားယွင်းခြင်းကိုပြု၍၊ ထိုဘုရားတို့အားယဇ်ပူဇော်သောအခါ၊ သင့်ကို ခေါ်၍ သင်သည်ထိုယဇ်ကောင်ကိုစားမည်ဟူ၍၎င်း၊

16. သင်သည် သူတို့သမီးများကိုယူ၍၊ ကိုယ်သားတို့နှင့် ထိမ်းမြားပေးစားသဖြင့်၊ ထိုသမီးတို့သည် မိမိတို့ဘုရားနှင့် မှားယွင်းခြင်းကိုပြု၍ သင်၏သားတို့ကို ထိုဘုရားတို့နှင့် မှားယွင်းစေမည်ဟူ၍၎င်းစိုးရိမ်စရာရှိ၏။

17. သင်သည် ကိုယ်အဘို့သွန်းသောဘုရားတို့ကို မလုပ်ရ။

18. သင်သည်အဗိဗလ၌ အဲဂုတ္တုပြည်မှထွက်သောကြောင့်၊ ငါပညတ်သည်အတိုင်း၊ အဗိဗလတွင် ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုစား၍ အဇုမပွဲကိုခံရမည်။

19. သားဦးအပေါင်းတို့သည် ငါ့ဥစ္စာဖြစ်ကြ၏။ သင်၏တိရစ္ဆာန်တို့တွင်လည်း၊ နွားဖြစ်စေ၊ သိုးဖြစ်စေ၊ သားဦးအပေါင်းတို့သည်ငါ့ဥစ္စာဖြစ်ကြ၏။ သို့ရာတွင်၊ မြည်းသားဦးကို သိုးသငယ်နှင့် ရွေးယူရမည်။

20. မရွေးလိုလျှင်၊ မြည်းသငယ်၏လည်ပင်းကိုချိုးရမည်။ သင်၏သားဦးအပေါင်းတို့ကိုရွေးရမည်။ ငါ့ထံသို့ အဘယ်သူမျှ လက်ချည်းမပေါ်မလာရ။

21. ခြောက်ရက်ပတ်လုံးအလုပ်လုပ်ရမည်။ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေရမည်။ လယ်လုပ်ရာကာလ၊ အသီးအနှံသိမ်းရာကာလဖြစ်သော်လည်း၊ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေရမည်။

22. ဂျုံစပါးကိုသိမ်းစရှိသည်ကာလ ခုနစ်သိတင်းပွဲကို၎င်း၊ နှစ်လဲသောအခါ သိုထားပွဲကို၎င်းခံရမည်။

23. သင်တို့ အမျိုးသားယောက်ျားအပေါင်းတို့သည်၊ ဣသရေလအမျိုး၏ ဘုရားသခင်တည်းဟူသော ထာဝရအရှင်ဘုရားသခင့်ရှေ့တော်၌ တနှစ်လျှင် သုံးကြိမ်မျက်နှာပြရကြမည်။

24. တပါးအမျိုးသားများကို သင်တို့ရှေ့ကငါနှင်ထုတ်၍၊ သင်တို့နေရာနယ်ကို ငါ ကျယ်စေမည်။ သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ တနှစ်တွင် သုံးကြိမ် မျက်နှာပြသွားသောအခါ၊ သင်၏မြေကို အဘယ်သူမျှမတပ်မက်ရ။

25. ငါ့ယဇ်ကောင်အသွေးကို တဆေးနှင့်ရော၍ မပူဇော်ရ။ ပသခါပွဲယဇ်ကောင်ကို၊ နံနက်တိုင်အောင်မကြွင်းစေရ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 34