ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 33:13-23 Judson Bible (BJB)

13. သို့ဖြစ်၍ အကျွန်ုပ်သည်ရှေ့တော်၌ မျက်နှာရလျှင်၊ မျက်နှာရကြောင်းကို အကျွန်ုပ်သိပါမည်အကြောင်း၊ ကိုယ်တော်၏လမ်းကိုပြတော်မူပါ။ ဤလူမျိုးသည် ကိုယ်တော်၏လူဖြစ်ကြောင်းကို ဆင်ခြင်တော်မူပါ၊ အကျွန်ုပ်တောင်းပန်ပါ၏ဟု ထာဝရဘုရားအားလျှောက်ဆို၏။

14. ငါကိုယ်တိုင်သွား၍ ငြိမ်ဝပ်ခြင်းချမ်းသာကိုပေးမည်ဟု မိန့်တော်မူ၏။

15. တဖန်မောရှေက၊ ကိုယ်တော်တိုင်မသွားလျှင် အကျွန်ုပ်တို့ကို ဤအရပ်မှ ပို့တော်မမူပါနှင့်။

16. အကျွန်ုပ်နှင့် ကိုယ်တော်၏လူတို့သည် ရှေ့တော်၌မျက်နှာရသောအကြောင်းသည် အဘယ်သို့ထင်ရှားပါမည်နည်း။ အကျွန်ုပ်တို့နှင့် ကြွသွားတော်မူသောအားဖြင့်သာ ထင်ရှားပါမည်မဟုတ်လော။ ထိုသို့ အကျွန်ုပ်နှင့် ကိုယ်တော်၏လူတို့သည် မြေကြီးပေါ်မှာရှိသမျှသောလူတို့နှင့် ခြားနားရပါမည်ဟု လျှောက်ဆိုလျှင်၊ 

17. ထာဝရဘုရားက၊ သင်လျှောက်သည်အတိုင်းငါပြုမည်။ သင်သည် ငါ့ရှေ့၌ မျက်နှာရပြီ။ သင့်ကို သင်၏နာမဖြင့်ငါသိ၏ဟု မောရှေအားမိန့်တော်မူ၏။

18. တဖန်တုံ၊ ကိုယ်တော်၏ဘုန်းကို အကျွန်ုပ်အားပြတော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟုလျှောက်လျှင်၊

19. ထာဝရဘုရားက ငါ၏ကောင်းမွန်ခြင်းရှိသမျှကို သင့်ရှေ့၌ ငါရှောက်သွားစေမည်။ ထာဝရဘုရား၏နာမတော်ကိုလည်း၊ သင့်ရှေ့၌ ငါကြွေးကြော်မည်။ ငါသည် ကျေးဇူးပြုလိုသောသူကို ကျေးဇူးပြုမည်။ သနားလိုသောသူကိုလည်းသနားမည်။

20. သို့ရာတွင် သင်သည်ငါ့မျက်နှာကို မမြင်နိုင်ရာ။ ငါ့မျက်နှာကိုမြင်လျှင် အသက်ရှင်ရသော လူတစုံတယောက်မျှမရှိဟူ၍၎င်း၊

21. ငါ့အနားမှာနေရာတခုရှိ၏။ သင်သည်ကျောက်ပေါ်မှာ ရပ်ရမည်။

22. ငါ့ဘုန်းရှောက်သွားသောအခါ၊ သင့်ကိုကျောက်ကြား၌ ငါသွင်းထား၍ ငါကြွသွားသည်အခိုက်၊ သင့်ကို ငါ့လက်နှင့်ဖုံးအုပ်မည်။

23. ငါလက်ကိုသိမ်းရုပ်သောအခါ၊ ငါ့ကျောကိုသာမြင်ရမည်၊ ငါ့မျက်နှာကိုမမြင်ရဟူ၍၎င်း မိန့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 33