ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 32:7-11 Judson Bible (BJB)

7. ထာဝရဘုရားက၊ သင်သည်ဆင်းသွားလော့။ အဲဂုတ္တုပြည်မှ သင်နှုတ်ဆောင်ခဲ့သော သင်၏လူတို့သည်ဖောက်ပြန်ကြပြီ။

8. ငါမှာထားသောလမ်းမှ အလျင်အမြန်လွှဲသွား၍၊ နွားသငယ်ရုပ်ကိုသွန်းပြီးလျှင်၊ အိုဣသရေလအမျိုး၊ ဤဘုရားသည် သင့်ကိုအဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော ဘုရားဖြစ်တော်မူ၏ဟုဆိုလျက်၊ ရုပ်တုရှေ့မှာယဇ်ပူဇော်ကိုးကွယ်ကြပြီဟူ၍၎င်း၊

9. ဤလူမျိုးကိုငါကြည့်မြင်ပြီ။ လည်ပင်းခိုင်မာသောအမျိုးဖြစ်၏။

10. သို့ဖြစ်၍ငါ့ကိုရှိစေတော့။ ငါသည်အမျက်ပြင်းစွာထွက်၍ သူတို့ကို ဖျက်ဆီးမည်။ သင့်ကိုကား ကြီးသောအမျိုးဖြစ်စေမည်ဟူ၍၎င်း၊ မောရှေအား မိန့်တော်မူ၏။

11. မောရှေကလည်း၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် မဟာတန်ခိုးအားကြီးသောလက်နှင့် အဲဂုတ္တုပြည်မှနှုတ်ဆောင်ခဲ့သော ကိုယ်တော်၏ လူတို့ကို၊ အဘယ်ကြောင့် အမျက်ပြင်းစွာထွက်တော်မူသနည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 32