ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 29:33-42 Judson Bible (BJB)

33. သူတို့ကိုသန့်ရှင်းစေ၍၊ အရာ၌ခန့်ထားစေခြင်းငှါ၊ အပြစ်ဖြေရာ မင်္ဂလာပြုခြင်းနှင့် ဆိုင်သောအရာတို့ကို၊ သူတို့သည် စားရကြမည်။ ထိုအရာတို့သည် သန့်ရှင်းသောကြောင့်၊ မဆိုင်သောသူမစားရ။

34. အရာ၌ခန့်ထားရာနှင့်ဆိုင်သော အမဲသားဖြစ်စေ၊ မုန့်ဖြစ်စေ၊ နံနက်တိုင်အောင် ကျန်ကြွင်းလျှင်၊ ထိုအကြွင်းကိုမီးရှို့ရမည်။ သန့်ရှင်းသောကြောင့်၊ အဘယ်သူမျှ မစားရ။

35. ထိုသို့ငါပညတ်သမျှအတိုင်း အာရုန်နှင့် သူ၏သားတို့အားပြု၍၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားခြင်းမင်္ဂလာကို၊ ခုနစ်ရက်ပတ်လုံးဆောင်ရမည်။

36. ထိုမှတပါး၊ အပြစ်ဖြေခြင်းအလိုငှါ၊ နေ့တိုင်း နွားထီးတကောင်ကိုပူဇော်၍၊ အပြစ်ဖြေရာယဇ်ပြုရမည်။ ထိုသို့ယဇ်ပလ္လင်ဘို့ အပြစ်ဖြေခြင်းကိုပြုပြီးမှ၊ ပလ္လင်ကို စင်ကြယ်စေရမည်။ ထို့နောက်သန့်ရှင်းစေခြင်းငှါ ဆီနှင့်လိမ်းရမည်။

37. ခုနစ်ရက်ပတ်လုံး ယဇ်ပလ္လင်ဘို့ အပြစ်ဖြေခြင်းကိုပြု၍ သန့်ရှင်းစေပြီးမှ၊ အလွန်သန့်ရှင်းသောယဇ်ပလ္လင်ဖြစ်၍၊ ထိုပလ္လင်နှင့် တွေ့သမျှသောအရာတို့သည် သန့်ရှင်းသောအရာဖြစ်ရမည်။

38. ယဇ်ပလ္လင်ပေါ်မှာ ပူဇော်ရသောအရာဟူမူကား၊ အခါမလည်သော သိုးသငယ် နှစ်ကောင်ကိုယူ၍၊

39. နေ့တိုင်းအစဉ်မပြတ် နံနက်ယံ၌တကောင်၊ ညဦးယံ၌တကောင်ကို ပူဇော်ရမည်။

40. သိုးသငယ်တကောင်ကိုပူဇော်သောအခါ၊ သံလွင်သီးကိုထောင်း၍၊ ရသော သံလွင်ဆီသုံးလောဃနှင့်ရောသော မုန့်ညက်တဩမဲကို၎င်း၊ သွန်းလောင်းရာ ပူဇော်သက္ကာဘို့ စပျစ်ရည်သုံးလောဃကို၎င်း၊ သိုးသငယ်နှင့်အတူ ပူဇော်ရမည်။

41. အခြားသောသိုးသငယ်ကို ညဦးယံ၌ ပူဇော်သောအခါ၊ နံနက်ယံ၌ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာပါသည်နည်းတူပါလျက်၊ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍၊ မွှေးကြိုင်သော ပူဇော်သက္ကာပြုရမည်။

42. ထိုသို့ သင်တို့သားစဉ်မြေးဆက်တို့သည် သင်နှင့် ငါတွေ့၍ နှုတ်ဆက်ရာအရပ်၊ ထာဝရဘုရားရှေ့တော်၌၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ အစဉ်မပြတ်မီးရှို့သောယဇ်ကို ပူဇော်ရကြမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 29