ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 29:1-10 Judson Bible (BJB)

1. သူတို့သည် ငါ့ရှေ့၌ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း၊ အဘယ်သို့ သန့်ရှင်းစေရမည်နည်းဟူမူကား၊ အပြစ်မပါသော နွားသငယ်အထီးနှင့် သိုးနှစ်ကောင်တို့ကို၎င်း၊

2. တဆေးမပါသောဂျုံမုန့်၊ တဆေးမပါဘဲ ဆီနှင့်လုပ်သောဂျုံမုန့်ပြား၊ တဆေးမပါဘဲ ဆီနှင့်လုပ်သောဂျုံမုန့်ကြွပ်တို့ကို၎င်း ယူရမည်။

3. ထိုမုန့်များကို တောင်းတလုံးထဲ၌ထည့်ပြီးမှ၊ နွားတကောင်၊ သိုးနှစ်ကောင်နှင့်တကွဆောင်ခဲ့ရမည်။

4. အာရုန်နှင့် သူ၏သားတို့ကို၊ ပရိသတ်စည်းဝေးရာ တံခါးနားသို့ခေါ်ခဲ့၍ ရေချိုးရမည်။

5. အဝတ်တန်ဆာများကိုယူ၍၊ အင်္ကျီ၊ ဝတ်လုံ၊ သင်တိုင်း၊ ရင်ဖုံးနှင့် အာရုန်ကို ဝတ်စေ၍၊ ထူးဆန်းသောသင်တိုင်းရင်စည်းနှင့် စည်းရမည်။

6. သူ၏ခေါင်းပေါ်မှာ ဗောင်းကိုတင်၍၊ ဗောင်း၌သန့်ရှင်းသောသင်းကျစ်ကို တပ်ရမည်။

7. ထိုအခါ လိမ်းစရာဆီကိုယူ၍ သူ၏ခေါင်းပေါ်၌လောင်းသဖြင့် သူ့ကိုလိမ်းရမည်။

8. သူ၏သားတို့ကိုလည်း ခေါ်ခဲ့၍ အင်္ကျီဝတ်စေရမည်။

9. ခါးပန်းကိုလည်းစည်း၍၊ ဦးထုပ်ကိုလည်းဆောင်းစေပြီးလျှင်။ သူတို့သည် ထာဝရပညတ်တော်အတိုင်း ယဇ်ပုရောဟိတ်အရာကိုဆိုင်ရမည်။ ထိုသို့ အာရုန်နှင့် သူ၏သားတို့ကို၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားရမည်။

10. ထိုနောက်၊ နွားထီးတကောင်ကို ပရိသတ်စည်းဝေးရာတဲတော်ရှေ့သို့ ဆောင်ခဲ့၍၊ အာရုန်နှင့် သူ၏သားတို့သည်၊ မိမိတို့လက်ကို နွားခေါင်းပေါ်မှာ တင်ရကြမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 29