ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 28:9-15 Judson Bible (BJB)

9. ရှဟံကျောက်နှစ်လုံးကိုယူ၍၊ ဣသရေလအမျိုးတဆယ်နှစ်မျိုးကို၊

10. အသက်အကြီးအငယ်အလိုက်၊ ကျောက်နှစ်လုံးပေါ်မှာ အမျိုးနာမည်ခြောက်ခုစီ အက္ခရာတင်ရမည်။

11. တံဆိပ်ပေါ်မှာအက္ခရာတင်သကဲ့သို့၊ ကျောက်လုပ်သော အလုပ်နှင့်တကွ၊ ဣသရေလအမျိုး၏နာမည်တို့ကို ထိုကျောက်နှစ်လုံးအပေါ်မှာ အက္ခရာတင်၍ ရွှေကျောက်အိုး၌ ထည့်ရမည်။

12. ဣသရေလအမျိုးသားတို့ကို အောက်မေ့စေခြင်းငှါ၊ ထိုကျောက်နှစ်လုံးကို သင်တိုင်းသိုင်းကြိုးပေါ်မှာ တပ်ရမည်။ ထိုသို့ ဣသရေလအမျိုးသားတို့ကို အောက်မေ့စေခြင်းငှါ၊ သူတို့နာမည်များကို အာရုန်သည် ထာဝရဘုရားရှေ့တော်၌ မိမိပခုံးပေါ်မှာ ဆောင်ရမည်။

13. ကျောက်အိုးတို့ကို ရွှေနှင့် လုပ်ရမည်။

14. အဆုံးနှင့်တပ်ရသောကြိုးနှစ်ပင်တို့ကို ရွှေစင်နှင့်ကျစ်၍လုပ်ပြီးမှ ကျောက်အိုး၌တွဲရမည်။

15. ရွှေနှင့်၎င်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောနှင့်၎င်း၊ သင်တိုင်းကိုလုပ်သည်နည်းတူ၊ ဗျာဒိတ်ရင်ဖုံးကို ထူးဆန်းစွာ လုပ်ရမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 28