ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 26:1-9 Judson Bible (BJB)

1. တနည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်ဖြင့် ပြီးသော ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော၊ ပိတ်ချောကုလားကာဆယ်ထည်ဖြင့် တဲတော်ကိုလုပ်ရမည်။

2. ကုလားကာသည် အလျားနှစ်ဆယ်ရှစ်တောင်၊ အနံလေးတောင်ရှိ၍၊ ကုလားကာချင်း အလျားအနံတူရမည်။

3. ကုလားကာငါးထည်စီ တစပ်တည်းချုပ်ရမည်။

4. ကုလားကာတထည်ပြင်ဘက်မှာ၊ ကုလားကာနားချင်းဆက်မှီရာ၌ ကွင်းများကို ပြာသောအထည်နှင့် လုပ်ရမည်။ အခြားသောကုလားကာပြင်ဘက်မှာ၊ ကုလားကာနားချင်းဆက်မှီရာ၌လည်း ထိုအတူလုပ်ရမည်။

5. ကုလားကာတထည်၌ ကွင်းငါးဆယ်ကို၎င်း၊ အခြားသောကုလားကာ အနားဆက်မှီရာ၌ ကွင်းငါးဆယ်ကို၎င်း၊ ကွင်းချင်းဆိုင်မိအောင် လုပ်ရမည်။

6. ရွှေချောင်းငါးဆယ်ကိုလည်းလုပ်၍၊ ထိုရွှေချောင်းဖြင့် ကုလားကာများကို ပူးတွဲသဖြင့်၊ တဲတော်တဆောင်တည်းဖြစ်ရမည်။

7. တဲတော်ဖုံးအုပ်ဘို့ အခြားသောကုလားကာဆယ်တထည်ကို ဆိတ်မွေးနှင့် လုပ်ရမည်။

8. ကုလားကာသည် အလျားအတောင်သုံးဆယ်၊ အနံလေးတောင်ရှိ၍၊ ကုလားကာ ဆယ်တထည်တို့သည် အလျားအနံချင်းတူရမည်။

9. ကုလားကာငါးထည်တစပ်၊ ခြောက်ထည် တစပ်တည်းချုပ်၍၊ ဆဌမကုလားကာကို တဲတော်ဦး၌ခေါက်ထားရမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 26