13. ငါပညတ်သမျှတို့၌ သတိပြုကြလော့။ အခြားသောဘုရား၏နာမကို မမြွက်မဆိုနှင့်။ သင်၏နှုတ်ထဲကမြွက်သံကို သူတပါးမကြားစေနှင့်။
14. တနှစ်တွင်သုံးကြိမ် ငါ့အဘို့ပွဲခံရမည်။ ငါမှာထားခဲ့ပြီးသည်အတိုင်း၊ အဗိဗလချိန်းချက်သောနေ့ရက်အချိန်၌ အဇုမပွဲကိုခံ၍၊ ခုနစ်ရက်ပတ်လုံး တဆေးမဲ့သောမုန့်ကို စားရမည်။
15. ငါမှာထားခဲ့ပြီးသည်အတိုင်း၊ အဗိဗလ ချိန်းချက်သောနေ့ရက်အချိန်၌ အဇုမပွဲကိုခံ၍၊ ခုနစ်ရက်ပတ်လုံး တဆေးမဲ့သောမုန့်ကို စားရမည်။ အကြောင်းမူကား၊ ထိုလတွင် သင်သည် အဲဂုတ္တုပြည်ကထွက်လာသတည်း။ ထိုပွဲကိုခံစဉ် ငါ့ထံသို့ အဘယ်သူမျှ လက်ချည်းမပေါ်မလာရ။
16. လယ်လုပ်၍ အသီးအနှံကိုသိမ်းစရှိသည်ကာလ၊ သိမ်းပွဲကို၎င်း၊ လယ်လုပ်၍ အသီးအနှံကိုသိုထားသည်ကာလ၊ နှစ်လဲသောအခါ၊ သိုထားပွဲကို၎င်းခံရမည်။
17. သင်တို့တွင် ယောက်ျားအပေါင်းတို့သည်၊ တနှစ်လျှင်သုံးကြိမ် ထာဝရအရှင်ဘုရားသခင့်ရှေ့တော်၌ မျက်နှာပြရကြမည်။
18. ငါ့ယဇ်ကောင်၏အသွေးကို၊ တဆေးပါသောမုန့်နှင့်ရော၍ မပူဇော်ရ။ ငါ့ယဇ်ကောင်ဆီဥကို နံနက်တိုင်အောင်မကြွင်းစေရ။