ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 23:1-11 Judson Bible (BJB)

1. သင်သည် မှားသောသိတင်းစကားကို မကြားမပြောရ။ မတရားသောသူတို့နှင့် ဝိုင်းညီ၍ မမှန်သောသက်သေကို မခံရ။

2. လူများနောက်သို့လိုက်၍ မတရားသဖြင့်မပြုရ။ တရားတွေ့သည်အမှုမှာ ကြီးသောသူဘက်၌နေ၍၊ တရားလမ်းမှ လွဲစေခြင်းငှါမပြောရ။

3. ဆင်းရဲသောသူဘက်၌လည်း မငဲ့ကွက်ရ။

4. သင်သည် ရန်သူ၏မြင်းနွား လမ်းလွဲသည်ကိုတွေ့မြင်လျှင်၊ အမှန်ပြန်ပို့ရမည်။

5. သင့်ကို မုန်းသောသူ၏မြည်းသည်၊ မိမိဆောင်ရွက်သော ဝန်အောက်မှာ လဲနေသည်ကို တွေ့မြင်လျှင်၊ မ မစဘဲနေနိုင်သလော။ အမှန်ဝိုင်းညီ၍ မစရမည်။

6. သင်၌ ဆင်းရဲသောသူသည် တရားတွေ့သောအခါ၊ သူ့ကို မတရားသဖြင့် မစီရင်ရ။

7. မဟုတ်မမှန်သော အမှုကိုရှောင်ရမည်။ အပြစ်မရှိသောသူ၊ ဖြောင့်မတ်သောသူကိုမကွပ်မျက်ရ။ အကြောင်းမူကား၊ ငါသည်မတရားသောသူကို အပြစ်မလွှတ်။

8. သင်သည် တံစိုးမစားရ။ တံစိုးသည် ပညာရှိတို့၏မျက်စိကိုကွယ်စေ၍၊ ဖြောင့်မတ်သောသူတို့၏စကားကို လွဲစေတတ်၏။

9. တကျွန်းတနိုင်ငံသားဖြစ်သောဧည့်သည်ကို မညှဉ်းဆဲရ။ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ခဲ့ဘူးသောကြောင့်၊ ဧည့်သည်၏စိတ်သဘောကို သိကြ၏။

10. ခြောက်နှစ်ပတ်လုံးလယ်လုပ်၍ အသီးကိုသိမ်းရမည်။

11. သတ္တမနှစ်တွင် လယ်ကိုမလုပ်ဘဲ အလွတ်ထားရမည်။ သို့ပြုလျှင် ဆင်းရဲသောအမျိုးသားချင်းတို့သည်၊ စားရသောအခွင့်ရှိလိမ့်မည်။ ကြွင်းသောအရာကိုလည်း၊ မြေတိရစ္ဆာန်တို့သည် စားရကြလိမ့်မည်။ ထိုနည်းတူ၊ စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်ကိုလည်းပြုရမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 23