ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 21:22-28 Judson Bible (BJB)

22. လူချင်းခိုက်ရန်ပြုကြ၍၊ ကိုယ်ဝန်ဆောင်သောမိန်းမကို ထိခိုက်သဖြင့် ကိုယ်ဝန်ပျက်၍ အခြားသောအနာမဖြစ်လျှင်၊ မိန်းမလင်စီရင်သည်အတိုင်း ဒဏ်ခံရမည်။ မင်းစီရင်သည်အတိုင်းလည်း ငွေကိုလျော်ရမည်။

23. အခြားသောအနာဖြစ်လျှင်၊ အသက်အတွက် အသက်ကို၎င်း၊

24. မျက်စိအတွက်မျက်စိကို၎င်း၊ သွားအတွက်သွားကို၎င်း၊ လက်အတွက် လက်ကို၎င်း၊ ခြေအတွက်ခြေကို၎င်း၊

25. မီးလောင်ခြင်းအတွက် မီးလောင်ခြင်းကို၎င်း၊ ရှနခြင်းအတွက် ရှနခြင်းကို၎င်း၊ ဒဏ်ချက်ရာအတွက် ဒဏ်ချက်ရာကို၎င်းခံရမည်။

26. သခင်သည် ကျွန်ယောက်ျား၊ ကျွန်မိန်းမ၏မျက်စိကိုပျက်အောင်ရိုက်လျှင်၊ မျက်စိပျက်သည်အတွက်လွှတ်ရမည်။

27. ထိုအတူ ကျွန်ယောက်ျား ကျွန်မိန်းမ၏သွားကိုကျိုးအောင်ရိုက်လျှင်၊ သွားကျိုးသည်အတွက်လွှတ်ရမည်။

28. နွားသည် လူယောက်ျားမိန်းမကိုခွေ့၍ လူသေလျှင်၊ စင်စစ်ထိုနွားကို ကျောက်ခဲနှင့် ပစ်၍သတ်ရမည်။ အသားကိုလည်း မစားရ။ နွားရှင်ကိုကား၊ အပြစ်လွှတ်ရမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 21