ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 17:1-6 Judson Bible (BJB)

1. ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့သည်၊ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ သိန်တောထဲကထွက်၍ခရီးသွားသဖြင့်၊ ရေဖိဒိမ်အရပ်၌ စားခန်းချကြ၏။ ထိုအရပ်၌ လူများသောက်ဘို့ရာရေမရှိ။

2. ထိုကြောင့်လူများတို့က၊ သောက်ဘို့ရေပေးပါဟုဆို၍ မောရှေကိုရန်တွေ့ကြ၏။ မောရှေကလည်း၊ ငါ့ကို အဘယ်ကြောင့်ရန်တွေ့ကြသနည်း။ ထာဝရဘုရားကို အဘယ်ကြောင့် စုံစမ်းကြသနည်းဟုဆိုလေ၏။

3. လူများတို့သည်ရေငတ်၍ မောရှေကို အပြစ်တင်မြည်တမ်းလျက်၊ ငါတို့မှစ၍ သားသမီးတိရစ္ဆာန်တို့ကို အငတ်ထား၍သတ်ခြင်းအလိုငှာ၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့်ဆောင်ခဲ့သနည်းဟု ဆိုကြ၏။

4. ထိုအခါ မောရှေသည် ထာဝရဘုရားအားအော်ဟစ်၍၊ ဤလူတို့အား အကျွန်ုပ်သည် အဘယ်သို့ပြုရပါမည်နည်း။ အကျွန်ုပ်ကို ခဲနှင့်ပစ်လုကြပါပြီဟု လျှောက်လေ၏။

5. ထာဝရဘုရားကလည်း၊ လူများရှေ့သို့သွား၍ ဣသရေလအမျိုး အသက်ကြီးသူတို့ကိုခေါ်လော့။ မြစ်ကိုရိုက်သော သင်၏လှံတံကိုကိုင်လျက်၊ ဟောရပ်အရပ်သို့သွားလော့။

6. ထိုအရပ်၌ရှိသောကျောက်ပေါ်တွင် သင့်ရှေ့မှာငါရပ်နေမည်။ သင်သည် ထိုကျောက်ကိုရိုက်ရမည်။ လူများသောက်ဘို့ ထိုကျောက်ထဲကရေထွက်လိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။ မောရှေသည်လည်း ဣသရေလအမျိုး အသက်ကြီးသူတို့ရှေ့မှာ ထိုသို့ပြုလေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 17