ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 13:1-10 Judson Bible (BJB)

1. မောရှေကိုခေါ်၍ ဣသရေလအမျိုးသားတို့တွင် အဦးဘွားသောသူ၊

2. လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သားဦးအပေါင်းတို့ကို ငါ့အဘို့သန့်ရှင်းစေလော့။ ငါ့ဥစ္စာဖြစ်ကြသည်ဟု မိန့်တော်မူ၏။

3. မောရှေကလည်း၊ သင်တို့သည်ကျွန်ခံနေရာ အဲဂုတ္တုပြည်မှထွက်သွားသော ဤနေ့ရက်ကိုအောက်မေ့ကြလော့။ ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် သင်တို့ကို ထိုပြည်မှနှုတ်ဆောင်တော်မူပြီ။ တဆေးပါသောမုန့်ကိုမစားရ။

4. အဗိဗလ၊ ယနေ့၌ပင်သင်တို့သည်ထွက်လာကြပြီ။

5. သင်တို့အားပေးခြင်းငှာဘိုးဘေးများ၌ ထာဝရဘုရားကျိန်ဆိုတော်မူသောပြည်၊ ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့နေရာတည်းဟူသော နို့နှင့် ပျားရည်စီးသောပြည်သို့ပို့ဆောင်တော်မူပြီးမှ၊ ယခုလတွင် သင်တို့သည် ဤဝတ်ကိုပြုရကြမည်။

6. ခုနစ်ရက်ပတ်လုံး တဆေးမပါသောမုန့်ကိုစားပြီးမှ၊ ခုနစ်ရက်မြောက်သောနေ့တွင်၊ ထာဝရဘုရားအဘို့ပွဲခံရကြမည်။

7. တဆေးမပါသောမုန့်ကိုစားရသောခုနစ်ရက်ပတ်လုံး သင်တို့၌ တဆေးကို မတွေ့မမြင်ရ။ သင်တို့နေသောအရပ်ရပ်တို့၌လည်း မတွေ့မမြင်ရ။

8. ငါတို့သည် အဲဂုတ္တုပြည်မှထွက်သောကာလ၊ ထာဝရဘုရားပြုတော်မူသော ကျေးဇူးတော်ကြောင့်ဤသို့ပြုရ၏ဟု ထိုနေ့၌သားမြေးတို့အား ကြားပြောရမည်။

9. ထာဝရဘုရား၏တရားသည်၊ သင်၏နှုတ်၌တည်မည်အကြောင်း၊ ဤအရာသည် သင်၏လက်၌လက္ခဏာသက်သေ၊ သင်၏မျက်စိကြားမှာ အောက်မေ့ဘို့ရာဖြစ်ရမည်။ အားကြီးသောလက်တော်ဖြင့် ထာဝရဘုရားသည်၊ သင့်ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူပြီ။

10. ထို့ကြောင့်စီရင်တော်မူသော ဤထုံးစံကို၊ မိမိအချိန်၌ နှစ်စဉ်အတိုင်း စောင့်ရကြမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 13