ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 11:8-10 Judson Bible (BJB)

8. ကိုယ်တော်၏ကျွန်ဖြစ်သော ဤလူအပေါင်းတို့သည်လည်း ကျွန်ုပ်ထံသို့လာ၍ ပြပ်ဝပ်လျက် ထွက်သွားပါ။ ကိုယ်တော်နှင့် ကိုယ်တော်နောက်၌လိုက်သော လူအပေါင်းတို့ထွက်သွားကြပါဟု ပြောဆိုပြီးမှ ကျွန်ုပ်ထွက်သွားပါမည်ဟု လျှောက်ဆိုသဖြင့်၊ အမျက်ထွက်၍ ဖာရောဘုရင်ထံမှထွက်သွားလေ၏။

9. ထာဝရဘုရားကလည်း၊ အံ့ဘွယ်သောအမှုတော်တို့သည် အဲဂုတ္တုပြည်၌ များပြားမည်အကြောင်း၊ ဖာရောဘုရင်သည် သင်တို့၏စကားကို နားမထောင်ဘဲနေလိမ့်မည်ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊

10. မောရှေနှင့်အာရုန်တို့သည် ဖာရောဘုရင်ရှေ့မှာ ဤအံ့ဘွယ်သော အမှုအလုံးစုံတို့ကိုပြုသော်လည်း၊ ထာဝရဘုရားသည် ဖာရောဘုရင်၏နှလုံးကို ခိုင်မာစေတော်မူသဖြင့်၊ ဣသရေလအမျိုးသားတို့ကို ပြည်တော်မှ ထွက်သွားရသောအခွင့်ကို မပေးဘဲနေသတည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 11