ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 11:2-6 Judson Bible (BJB)

2. ဣသရေလလူယောက်ျားသည်၊ အိမ်နီးချင်းယောက်ျား၌၎င်း၊ မိန်းမသည် အိမ်နီးချင်းမိန်းမ၌၎င်း၊ ငွေတန်ဆာ၊ ရွှေတန်ဆာ၊ အဝတ်တန်ဆာတို့ကို တောင်းစေခြင်းငှာ၊ လူများတို့အားပြောလော့ဟု မောရှေအားမိန့်တော်မူ၏။

3. သူတို့တောင်းသည်အတိုင်း၊ အဲဂုတ္တုလူတို့သည်ပေးချင်သောစေတနာစိတ်ကို ထာဝရဘုရားဖြစ်စေတော်မူ၏။ မောရှေသည်လည်း၊ အဲဂုတ္တုပြည်တွင် ဖာရောဘုရင်၏ကျွန်များ၊ လူများရှေ့၌ကြီးစွာသောအသရေရှိလေ၏။

4. ထိုအခါ မောရှေက၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သန်းခေါင်အချိန်၌ အဲဂုတ္တုပြည်အလယ်သို့ငါထွက်သွားမည်။

5. နန်းထိုင်သော ဖာရောဘုရင်၏သားဦးမှစ၍၊ ကြိတ်ဆုံနောက်၌ ထိုင်သော ကျွန်မ၏သားဦးတိုင်အောင်၊ အဲဂုတ္တုပြည်၌ရှိသမျှသော သားဦးတို့နှင့် တိရစ္ဆာန်တို့၏ သားဦးရှိသမျှတို့သည် သေကြလိမ့်မည်။

6. အဲဂုတ္တုပြည်တရှောက်လုံးတွင်၊ ရှေးကာလ၌မဖြစ်စဖူး၊ နောင်ကာလ၌လည်း မဖြစ်လတံ့သောကြီးစွာသော ငိုကြွေးခြင်းဖြစ်ရလိမ့်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 11