ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 8:7-11 Judson Bible (BJB)

7. အကြောင်းမူကား၊ သင်၏ဘုရားသခင် ထာဝရဘုရားသည်ကောင်းသောပြည်၊ ချိုင့်ထဲ၊ တောင်ထဲကပေါက်သောမြစ်၊ ချောင်း၊ စမ်းရေတွင်း၊ ရေကန်များနှင့် ပြည့်စုံ သောပြည်၊

8. ဂျုံ၊ မုယော၊ စပျစ်ပင်၊ သင်္ဘောသဖန်းပင်၊ သလဲပင်နှင့် ပြည့်စုံသောပြည်၊ သံလွင်ဆီ၊ ပျားရည်နှင့် ပြည့်စုံသောပြည်၊

9. ဘာမျှမလိုဘဲဝစွာစားရသောပြည်၊ သံကျောက်နှင့် ပြည့်စုံ၍၊ တောင်ထဲကကြေးနီကိုတူးရသောပြည်သို့ သင့်ကိုဆောင်သွားတော်မူ၏။

10. ထိုကောင်းမွန်သောပြည်ကို ပေးသနားတော်မူသည်ဖြစ်၍၊ သင်သည် ဝစွာစားရသောအခါ၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းရမည်။

11. ယနေ့ငါဆင့်ဆိုသော စီရင်ထုံးဖွဲ့ချက်၊ ပညတ်တရားတော်တို့ကို သင်သည် မစောင့်၊ သင်၏ဘုရားသခင် ထာဝရဘုရားကိုမေ့လျော့သောအပြစ်ကို သတိနှင့်ရှောင်လော့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 8