ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 7:12-14 Judson Bible (BJB)

12. ထိုပညတ်တို့ကို သင်သည် ကျင့်ဆောင်အံ့သောငှာနားထောင်လျှင်၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပဋိညာဉ်နှင့် ကရုဏာတော်ကိုစောင့်တော်မူမည်။

13. သင့်ကိုချစ်သဖြင့် ကောင်းကြီးပေး၍များပြားစေတော်မူမည်။ သင့်အား ပေးခြင်းငှာ၊ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်၌ သင်ဘွားမြင်သော သားတို့ကို၎င်း၊ သင်၏မြေအသီးအနှံ၊ စပါး၊ စပျစ်ရည်၊ ဆီ၊ နွား၊ အစီးအပွား၊ သိုးစုတို့ကို၎င်း ကောင်းကြီးပေးတော်မူမည်။

14. သင်သည် လူမျိုးတကာတို့ထက် သာ၍ကောင်းကြီးခံရသောသူဖြစ်၍၊ သင်၌မြုံသော ယောက်ျားမိန်းမတယောက်မျှ၊ တိရစ္ဆာန်တွင်မြုံသော အထီးအမ တကောင်မျှမရှိရ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 7