ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 7:1-8 Judson Bible (BJB)

1. သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်သွား၍ဝင်စားလတံ့သောပြည်သို့ သင့်ကိုဆောင်သွင်းလျက်၊ ဟိတ္တိလူ၊ ဂိရဂါရှိလူ၊ အာမောရိလူ၊ ခါနာနိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတည်းဟူသော၊ သင့်ထက်ကြီးမြင့်များပြားသော လူမျိုးခုနစ်မျိုးတို့ကို သင့်ထံကနှင်ထုတ်၍၊

2. တဖန်သင့်လက်၌ အပ်တော်မူသောအခါ၊ သူတို့ကိုလုပ်ကြံ၍ အကုန်အစင် သုတ်သင်ပယ်ရှင်းရမည်။ သူတို့နှင့် မိဿဟာယမဖွဲ့ရ၊ ကရုဏာကိုမပြရ။

3. သူတို့နှင့် စုံဘက်ခြင်းကိုမပြုရ။ သင်၏သမီးကိုသူ၏သားနှင့်၎င်း၊ သင်၏သားကို သူ၏သမီးနှင့်၎င်း ထိမ်းမြားပေးစားခြင်းကိုမပြုရ။

4. အကြောင်းမူကား၊ သူတို့သည် သင်၏သားကိုငါ၌မဆည်းမကပ်စေဘဲ၊ အခြားတပါးသောဘုရားအားဝတ်ပြုစေခြင်းငှာ သွေးဆောင်ကြလိမ့်မည်။ ထိုအခါ အမျက်ထွက်၍ သင်တို့ကို ချက်ခြင်းဖျက်ဆီးတော်မူလိမ့်မည်။

5. သို့ဖြစ်၍၊ သူတို့၌အဘယ်သို့ပြုရမည်နည်းဟူမူကား၊ သူတို့ယဇ်ပလ္လင်များကို ဖျက်ရမည်။ ရုပ်တုများကိုဖြိုချရမည်။ အာရှရပင်များကိုခုတ်လှဲရမည်။ ထုသောရုပ်တု ဆင်းတုများကိုမီးရှို့ရမည်။

6. အကြောင်းမူကား၊ သင်သည် သင်၏ဘုရားသခင် ထာဝရဘုရားအဘို့ သန့်ရှင်းသောအမျိုးဖြစ်၏။ မြေကြီးပေါ်မှာရှိသမျှသောလူမျိုးထက် သင်၏ဘုရား သခင် ထာဝရဘုရားပိုင်ထိုက်သောအမျိုးဖြစ်စေခြင်းငှာ သင့်ကိုရွေးချယ်တော်မူပြီ။

7. သင်သည်အခြားသောလူမျိုးထက် သာ၍များသောကြောင့်၊ ထာဝရဘုရားသည် သင့်ကိုချစ်၍ ရွေးချယ်တော်မူသည်မဟုတ်။ သင်သည် အခြားသောလူမျိုးတကာတို့ထက် သာ၍နည်း၏။

8. ထာဝရဘုရားသည် သင့်ကိုချစ်သောကြောင့်၎င်း၊ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောအကျိန်ကို မဖျက်လိုသောကြောင့်၎င်း၊ ကျွန်ခံနေရာ အဲဂုတ္တုပြည်ကိုအစိုးရသော ဖာရောဘုရင်လက်မှ အားကြီးသောလက်တော်နှင့် သင့်ကို ရွေးနှုတ်ဆောင်ယူခဲ့တော်မူပြီ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 7