ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 4:26-29 Judson Bible (BJB)

26. ကောင်းကင်မြေကြီးကို သင်တို့တဘက်၌ ယနေ့ငါတိုင်တည်သည်ကား၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ဝင်စားသောပြည်၌၊ မကြာမမြင့်မှီ ဆက်ဆက် ပျောက်ပျက်ရကြလိမ့်မည်။ ထိုပြည်၌ တာရှည်စွာအသက်မရှင်ရ။ ရှင်းရှင်းပျက်စီးခြင်းသို့ ရောက်ရကြလိမ့်မည်။

27. ထာဝရဘုရားသည်လည်း၊ သင်တို့ကိုတပါးအမျိုးသားတို့တွင် အရပ်ရပ်ကွဲပြားစေ၍၊ နှင်ထုတ်တော်မူသောသာသနာပလူတို့တွင် သင်တို့သည် နည်းနည်းကျန်ကြွင်းရကြလိမ့်မည်။

28. ထိုအရပ်တို့၌၊ လူလက်ဖြင့်လုပ်၍မမြင်နိုင်၊ မကြားနိုင်၊ မစားနိုင်၊ မနမ်းနိုင်သောသစ်သားဘုရား၊ ကျောက်ဘုရားတို့ကို သင်တို့သည် ဝတ်ပြုရကြလိမ့်မည်။

29. သို့သော်လည်း၊ ထိုအရပ်တို့၌ သင်တို့၏ဘုရားသခင် ထာဝရဘုရားကို တဖန်ရှာလိုသောအခါ၊ စိတ်နှလုံးအကြွင်းမဲ့ရှာလျှင် တွေ့ရကြလိမ့်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 4