ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 32:1-10 Judson Bible (BJB)

1. အို ကောင်းကင်၊ နားထောင်လော့၊ ငါပြောမည်။ အိုမြေကြီး၊ ငါမြွက်ဆိုသောစကားကို ကြားလော့။

2. ငါ့ဒေသနာသည် မိုဃ်းရေကဲ့သို့စက်စက်ကျ၍၊ ငါ့စကားသည် နှင်းကဲ့သို့ ဖြည်းညှင်းစွာ သက်ရောက်လိမ့်မည်။ နုသောပျိုးပင်ပေါ်မှာ ရွာသောမိုဃ်းကဲ့သို့၎င်း၊ မြက်ပင်ပေါ်မှာ များပြားသောမိုဃ်းရေကဲ့သို့၎င်း ဖြစ်လိမ့်မည်။

3. ငါသည် ထာဝရဘုရား၏နာမတော်ကို ဘော်ပြသည်ဖြစ်၍၊ ငါတို့ဘုရားသခင်၏ ဘုန်းအာနုဘော်တော်ကို ချီးမွမ်းကြလော့။

4. ဘုရားသခင်သည် မူလအမြစ်ဖြစ်၍၊ အမှုတော်သည် စုံလင်ပေ၏။ စီရင်တော်မူသမျှတို့သည် တရားနှင့် ညီလျက်၊ သစ္စာစောင့်သောဘုရား၊ အပြစ်ကင်းလွတ်၍ ဟုတ်မှန်ဖြောင့်မတ်သောဘုရားဖြစ်တော်မူ၏။

5. သူတို့သည်ယိုယွင်းကြပြီ။ ဘုရားသခင်၏သားမဟုတ်၊ အညစ်အကြေး ကပ်ကြ၏။ သဘောကောက်၍ ဖောက်ပြန်သောအမျိုးဖြစ်ကြ၏။

6. အို ပညာမဲ့သောလူမိုက်တို့၊ ထာဝရဘုရား၏ကျေးဇူးတော်ကို ဤသို့ဆပ်မည်လော။ ထာဝရဘုရားသည် သင့်ကိုဖြစ်စေသောအဘ၊ သင့်ကို ဖန်ဆင်း၍ နေရာချသောသူ ဖြစ်တော်မူသည် မဟုတ်လော။

7. ရှေးကာလကိုအောက်မေ့လော့။ လွန်လေပြီးသောနှစ်ပေါင်းများကို ဆင်ခြင်လော့။ သင့်အဘကိုမေးမြန်းလျှင် သူသည်ဘော်ပြလိမ့်မည်။ အသက်ကြီးသူ တို့ကိုမေးမြန်းလျှင် သူတို့သည် ပြောဆိုကြလိမ့်မည်။

8. အမြင့်ဆုံးသောဘုရားသည် အာဒံ၏အမျိုးအနွယ်ဖြစ်သော လူမျိုးတို့ကို ပိုင်းခြား၍ အမွေမြေကိုဝေပေးသောအခါ၊ ဣသရေလအမျိုးသားတို့ အရေအတွက်ကို ထောက်ရှု၍၊ လူမျိုးတို့နေရာအပိုင်းအခြားကို စီရင်တော်မူ၏။

9. ထာဝရဘုရား၏အဘို့ကား၊ လူမျိုးတော်တည်း။ ယာကုပ်အမျိုးသည် အမွေခံတော်မူရာဖြစ်သတည်း။

10. လူဆိတ်ညံသောအရပ်၊ သားရဲမြည်၍၊ လွတ်လပ်သောတောလွင်ပြင်၌ ယာကုပ်ကိုတွေ့တော်မူသောအခါ ဝန်းရံဆီးကာခြင်း၊ သွန်သင်ခြင်းကျေးဇူးကိုပြု၍ မျက်ဆန်တော်ကဲ့သို့ စောင့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 32