ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 30:1-7 Judson Bible (BJB)

1. သင့်ရှေ့၌ ငါထား၍ အထက်ဆိုခဲ့ပြီးသမျှသောအရာတည်းဟူသော ကောင်းကြီးမင်္ဂလာနှင့် ကျိန်ခြင်းအမင်္ဂလာတို့သည် သင့်အပေါ်မှာရောက်၍၊ သင်၏ ဘုရားသခင်ထာဝရဘုရားသည် သင့်ကိုနှင်ထုတ်တော်မူရာ အပြည်ပြည်တို့၌ ထိုအရာတို့ကိုအောက်မေ့လျက်၊

2. သင်၏ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြန်လာ၍၊ ယနေ့ ငါမှာထားသမျှအတိုင်း၊ သင်နှင့် သားသမီးတို့သည် စကားတော်ကို စိတ်နှလုံးအကြွင်းမဲ့ နားထောင်လျှင်၊

3. သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်ခံရသော သိမ်းသွားခြင်းအမှုကို ကုန်စေမည်အကြောင်း၊ သင့်ကိုသနားသဖြင့် တဖန်ပြန်လာ၍၊ အထက်ကအရပ် ရပ်နှင်ထုတ်ရာ အပြည်ပြည်တို့မှ သိမ်းယူတော်မူလိမ့်မည်။

4. သင်၏လူအချို့တို့သည် မိုဃ်းကောင်းကင်အောက် အဝေးဆုံးသောအရပ်သို့ နှင်ထုတ်ခြင်းကို ခံရသော်လည်း၊ ထိုအရပ်မှ သင်၏ဘုရားသခင် ထာဝရဘုရားသိမ်းယူဆောင်ခဲ့တော်မူလိမ့်မည်။

5. ဘိုးဘေးတို့ ဝင်စားသောပြည်သို့ တဖန်ဆောင်ခဲ့တော်မူသဖြင့်၊ သင်သည် ဝင်စားရလိမ့်မည်။ ထိုအခါကျေးဇူးပြုတော်မူပြန်သဖြင့်၊ ဘိုးဘေးများတို့ထက် သင့်ကို သာ၍ များစေတော်မူလိမ့်မည်။

6. သင်သည် အသက်ရှင်မည်အကြောင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ်စေခြင်းငှာ၊ သင့်နှလုံးနှင့် သင့်အမျိုး၏နှလုံးအရေဖျားကို လှီးဖြတ်တော်မူလိမ့်မည်။

7. သင်၏ရန်သူတည်းဟူသော သင့်ကိုမုန်း၍ ညှဉ်းဆဲသောသူတို့အပေါ်၌လည်း၊ အထက်ဆိုခဲ့ပြီးသော ကျိန်ခြင်းအမင်္ဂလာရှိသမျှတို့ကို သက်ရောက်စေတော်မူလိမ့်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 30