အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 25 Judson Bible (BJB)

1. လူချင်းအမှုရှိ၍ မင်းထံ၌ အစီရင်ခံလျက်၊ မင်းရှေ့မှာ တရားတွေ့ကြသောအခါ၊ ဖြောင့်မတ်သောသူကို အပြစ်လွတ်စေခြင်းငှာ၎င်း၊ ဆိုးသောသူကို အရှုံးခံ စေခြင်းငှာ၎င်း စီရင်ရမည်။

2. ဆိုးသောသူသည် အရိုက်ခံထိုက်လျှင်၊ တရားသူကြီးသည် ကိုယ်မျက်မှောက်၌ သူ့ကိုချ၍၊ အပြစ်နှင့် အလျောက် မည်မျှသောဒဏ်ချက်ဖြင့် ရိုက်စေရမည်။

3. သို့သော်လည်း ဒဏ်ချက်လေးဆယ်ထက် မလွန်စေရ။ လွန်၍ များစွာသော ဒဏ်ချက်ဖြင့် ရိုက်လျှင်၊ သင်၏အမျိုးသားချင်းသည် ယုတ်ညံ့သောသူ ဖြစ်ဟန်ရှိ မည်ဟု စိုးရိမ်စရာရှိ၏။

4. စပါးနင်းနယ်သော နွား၏နှုတ်ကို မချုပ်တည်းရ။

5. အတူနေသော ညီအစ်ကိုတို့တွင်၊ တစုံတယောက်သောသူသည် သားမရှိဘဲသေလျှင်၊ သေသောသူ၏ မယားသည် အခြားတပါးသောလူစိမ်းနှင့် စုံဘက်ခြင်းကို မပြုရ။ သူ၏လင်ညီသည် သူ့ကိုသိမ်းယူဆက်ဆံ၍ မရီး၌ ပြုအပ်သောဝတ်ကို ပြုရမည်။

6. ဣသရေလအမျိုး၌ အစ်ကိုအမည်ကို မပျောက်စေခြင်းငှာ၊ အဦးဘွားသော သားသည် သေသောဘကြီး၏ အရိပ်အရာကို ခံရမည်။

7. ညီသည် အစ်ကိုမယားကို မယူလိုလျှင်၊ မိန်းမသည် အသက်ကြီးသူတို့ရှိရာ မြို့တံခါးဝသို့သွား၍၊ ကျွန်မ၏ လင်ညီသည် အစ်ကိုအမည်ကို ဣသရေလအမျိုး၌ မတည်စေလိုပါ။ သူပြုအပ်သောဝတ်ကို မပြုလိုပါဟု လျှောက်လျှင်၊

8. မြို့၌ အသက်ကြီးသူတို့သည် ထိုသူကို ခေါ်၍ မေးမြန်းရကြမည်။ သူကလည်း၊ ထိုမိန်းမကို အကျွန်ုပ်မယူလိုပါဟုဆို၍ ခိုင်မာစွာနေလျှင်၊

9. သူ၏မရီးသည် အသက်ကြီးသူတို့ရှေ့မှာ သူ့အပါးသို့ ချဉ်း၍ သူ၏ခြေနင်းကို ချွတ်လျက်၊ သူ၏မျက်နှာ၌ တံထွေးထွေးလျက်၊ မိမိအစ်ကို အိမ်ကို မဆောက်လိုသောသူ၌ ဤသို့ ပြုသင့်သည်ဟု သူ့အားပြန်ပြောရမည်။

10. နောက်မှ၊ ထိုသူကို ခြေနင်းချွတ်ရသောအမျိုးဟူ၍ ဣသရေလအမျိုး၌ ခေါ်ဝေါ်သမုတ်ရမည်။

11. လူချင်းခိုက်ရန်ပြုကြစဉ်တွင်၊ တယောက်သော သူ၏မယားသည် အပါးသို့ချဉ်း၍ မိမိလင်ကို ကူညီလိုသောငှာ ခိုက်ရန်ပြုသော သူ၏ ယောက်ျားတန်ဆာကို ကိုင်ဆွဲမိလျှင်၊

12. ထိုမိန်းမလက်ကို ဖြတ်ရမည်။ သင်၏ မျက်စိသည် သူ့ကို မသနားရ။

13. သင့်အိတ်၌ ကြီးသောအလေး၊ ငယ်သောအလေးတည်းဟူသော ခြားနားသော အလေးကို မရှိစေရ။

14. သင့်အိမ်၌ ခြားနားသောခြင်စရာတန်ဆာ အကြီးအငယ်ကို မရှိစေရ။

15. သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်၌ သင်၏အသက် တာရှည်မည်အကြောင်း၊ မှန်ကန်သောအလေး၊ မှန်ကန်သောခြင်စရာ၊ တန်ဆာ များကိုသာ သုံးရမည်။

16. အထက်ဆိုခဲ့ပြီးသောအမှုကို ပြုသောသူအပေါင်းတို့နှင့် မတရားသဖြင့် ပြုသောသူအပေါင်းတို့ကို၊ သင်၏ဘုရားသခင် ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ ၏။

17. သင်သည် အဲဂုတ္တုပြည်မှ ထွက်၍ ခရီးသွားသောအခါ၊

18. သင်သည် အားကုန်၍ မောလျက်နေစဉ်တွင်၊ သင့်နောက်၌ လိုက်သောသူ၊ အားနည်းသောသူတို့ကို အာမလက် အမျိုးသားတို့သည် လမ်း၌ဆီးကြို၍ လုပ်ကြံ ကြောင်းကို၎င်း၊ ဘုရားသခင်ကို မကြောက်ရွံ့ကြောင်းကို၎င်း၊ အောက်မေ့လော့။

19. သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဘို့ အပိုင်ပေးတော်မူသောပြည်၌ သင့်ပတ်လည်၌ နေသောရန်သူအပေါင်းတို့၏လက်မှ ကယ်လွှတ်၍ ချမ်းသာပေးတော်မူသောအခါ၊ အာမလက်အမျိုးကို အောက်မေ့စရာ မရှိစေခြင်းငှာ၊ ကောင်းကင်အောက်၌ သုတ်သင်ပယ်ရှင်းရမည်။ ထိုအမှုကို မမေ့ မလျော့ရ။