ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 22:1-6 Judson Bible (BJB)

1. သင့်ညီအစ်ကို၏ သိုးနွားသည် လမ်းလွဲသည်ကို ကြည့်၍မနေရ။ ညီအစ်ကိုထံသို့ ဆက်ဆက်ပြန်ပို့ရမည်။

2. ညီအစ်ကို ဝေးသော်၎င်း၊ သူ့ကို မသိသော်၎င်း၊ ထိုသိုးနွားကို ကိုယ်အိမ်သို့ ဆောင်ခဲ့ရမည်။ ညီအစ်ကိုသည်မရှာ၊ သူ၌ မအပ်မှီတိုင်အောင် ကိုယ်အိမ်၌ ထားရ မည်။

3. မြည်းဖြစ်စေ၊ အဝတ်ဖြစ်စေ၊ ညီအစ်ကို၏ဥစ္စာ တစုံတခုပျောက်၍ သင်တွေ့မိလျှင်၊ ကြည့်၍မနေဘဲ ထိုအတူ ပြုရမည်။

4. ညီအစ်ကို မြည်းနွားသည် လမ်း၌လဲလျက်ရှိသည်ကို ကြည့်၍မနေရ။ ညီအစ်ကိုနှင့်ဝိုင်း၍ ဆက်ဆက် မစရမည်။

5. မိန်းမသည် ယောက်ျားအဝတ်ကို မဝတ်ရ။ ယောက်ျားသည်လည်း မိန်းမအဝတ်ကို မဝတ်ရ။ ထိုသို့ဝတ်သောသူရှိသမျှတို့ကို သင်၏ဘုရားသခင် ထာဝရ ဘုရားသည် စက်ဆုပ်ရွံ့ရှာတော်မူ၏။

6. သစ်ပင်ပေါ် မြေပေါ်မှာ ငှက်သိုက်၌ ငှက်မသည် အဥများ၊ သားငယ်များကို ဝပ်လျက်နေသည်ကို တွေ့လျှင်၊ သားငယ်တို့နှင့်အတူ အမိကိုမယူရ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 22