ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 2:19-29 Judson Bible (BJB)

19. အမ္မုန်အမျိုးသားနေသောပြည်ကို သင့်အားငါအပိုင်မပေး၊ ထိုပြည်ကို လောတအမျိုးသားတို့အားငါအပိုင်ပေးပြီဟု ငါ့အားမိန့်တော်မူ၏။

20. ထိုပြည်ကိုလည်း၊ အလွန်ကြီးမားသော သူတို့၏နေရာဖြစ်သည်ဟု လူများထင်မှတ်ကြ၏။ ရှေးကာလ၌ ထိုသို့သောလူတို့သည်နေကြ၏။ သူတို့ကို အမ္မုန်ပြည်သားတို့သည် ဇံဇုမ္မိမ်ဟူ၍ခေါ်ကြ၏။

21. ထိုလူမျိုးသည်အာနကအမျိုးသားကဲ့သို့ ကြီးမြင့်များပြားသောလူဖြစ်ကြ၏။

22. သို့သော်လည်း စိရပြည်၌နေသောဧသောအမျိုးသားရှေ့မှာ ဟောရိလူတို့ကို ထာဝရဘုရားဖျက်ဆီးတော်မူသဖြင့်၊ သူတို့နေရာ၌ ဧသောအမျိုးသားတို့သည် ယနေ့တိုင်အောင်နေကြသကဲ့သို့၊ အမ္မုန်အမျိုးသားတို့သည်နေကြ၏။

23. ထိုအတူ၊ ဟာဇရိမ်မြို့မှစ၍ အဇ္ဇာမြို့တိုင်အောင်နေဘူးသော အာဝိမ်လူတို့ကို၊ ကတ္တောရမြို့မှထွက်သော ကတ္တောရိမ်လူတို့သည်ဖျက်ဆီး၍ သူတို့နေရာ၌နေကြ၏။

24. သင်တို့သည် ထ၍ခရီးသွားသဖြင့် အာနုန်မြစ်ကိုကူးကြလော့။ အာမောရိအမျိုး၊ ဟေရှဘုန်ရှင်ဘုရင်ရှိဟုန်နှင့် သူ၏မြေကို သင်တို့လက်၌ငါအပ်သောကြောင့်၊ ထိုမြေကိုသိမ်းစပြု၍ ထိုမင်းကိုစစ်တိုက်ကြလော့။

25. မိုဃ်းကောင်းကင်အောက်၌ ရှိသမျှသောလူမျိုးတို့သည် ယနေ့သင်တို့ကို ကြောက်ရွံ့ထိတ်လန့်စရှိမည်အကြောင်း ငါပြုမည်။ သင်တို့၏သိတင်းကိုကြား၍ တုန်လှုပ်ခြင်း၊ စိုးရိမ်ကြောင့်ကြခြင်းသို့ ရောက်ကြလိမ့်မည်ဟု မိန့်တော်မူ၏။

26. ငါသည်လည်း၊ ကေဒမုတ်တောမှ ဟေရှဘုန်ရှင်ဘုရင်ရှိဟုန်မင်းထံသို့ သံတမန်တို့ကိုစေလွှတ်လျက်၊

27. မင်းကြီး၏ပြည်အလယ်၌ ကျွန်ုပ်ရှောက်သွားပါရစေ။ မင်းလမ်းသို့သာ လိုက်ပါမည်။ လက်ျာဘက်လက်ဝဲဘက်သို့မလွှဲပါ။

28. စိရပြည်၌နေသောဧသောအမျိုးသား၊ အာရပြည်၌နေသော မောဘအမျိုးသားတို့သည် ကျွန်ုပ်၌ပြုသကဲ့သို့ ကျွန်ုပ်စားဘို့ရာအစာကို၎င်း၊ သောက်ဘို့ရာရေကို၎င်း၊ မင်းကြီးသည် ငွေနှင့်ရောင်းပါလော့။

29. ကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်သို့ ကျွန်ုပ်သည် ယော်ဒန်မြစ်ကိုကူး၍ မရောက်မှီတိုင်အောင် မင်းကြီးပြည်အလယ်၌ ခြေဖြင့်သွားရုံမျှသာပြုပါမည်ဟု မိဿဟာယစကားနှင့် ပြောဆိုသော်လည်း၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 2