ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 2:1-9 Judson Bible (BJB)

1. တဖန်ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်အတိုင်း၊ ငါတို့သည်လှည့်၍၊ ဧဒုံပင်လယ်လမ်းဖြင့် တောသို့ခရီးသွားလျက်၊ စိရတောင်ကို ကြာမြင့်စွာလှည့်လည်ကြ၏။

2. ထာဝရဘုရားကလည်း၊ သင်တို့သည်ကာလအချိန်စေ့အောင် ဤတောင်ကို လှည့်လည်ကြပြီ။

3. တဖန် မြောက်မျက်နှာသို့သွားကြဦးလော့။

4. သင်သည် လူများတို့အားဆင့်ဆိုရမည်မှာ၊ သင်တို့၏ညီအစ်ကို ဧသောအမျိုးသားတို့နေသော စိရပြည်အနားမှာသင်တို့ရှောက်သွားသောအခါ၊ သူတို့ သည်ကြောက်ကြလိမ့်မည်။ ထို့ကြောင့်သတိပြုကြလော့။

5. သူတို့ကိုအလျှင်းမပြုကြနှင့်။ သူတို့ပြည်ကို သင်တို့အားငါမပေး။ ခြေနင်းရာခန့်ကိုမျှမပေး။ စိရတောင်ကို ဧသောအားငါအပိုင်ပေးပြီ။

6. သင်တို့သည်စားဘို့ရာအစာကို၎င်း၊ သောက်ဘို့ရာရေကို၎င်း သူတို့ထံ ငွေနှင့်ဝယ်ရကြမည်။

7. သင်တို့ပြုလေရာရာ၌ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် ကောင်းကြီးပေးတော်မူပြီ။ ဤတောကြီး၌ သင်တို့လှည့်လည်သော အကြောင်းအရာတို့ကို သိတော်မူ၏။ အနှစ်လေးဆယ်ပတ်လုံး သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့နှင့်အတူရှိတော်မူသည်ဖြစ်၍၊ သင်တို့၌ဘာမျှမလိုဟု ဆင့်ဆိုရ၏။

8. စိရပြည်မှာနေသော ငါတို့ညီအစ်ကို ဧသောအမျိုးသားတို့အနား၌ ရှောက်လျက် ဧလပ်မြို့၊ ဧဇယုန်ဂါဗာမြို့မှသွားသော လွင်ပြင်လမ်းသို့လိုက်ပြီးလျှင်၊ တဖန်လှည့်၍ မောဘတောလမ်းဖြင့်သွားကြ၏။

9. ထာဝရဘုရားကလည်း၊ မောဘပြည်သားတို့ကို မနှောင့်ရှက်နှင့်။ စစ်မတိုက်နှင့်။ သူတို့ပြည်ကို သင့်အားငါအပိုင်မပေး။ အာရပြည်ကို လောတအမျိုးသားတို့အား ငါအပိုင်ပေးပြီဟု ငါ့အားမိန့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 2