ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 17:9-17 Judson Bible (BJB)

9. ထိုကာလအခါ တရားသူကြီးလုပ်သောသူ၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့ရှေ့မှာ အစီရင်ခံရမည်။ သူတို့သည်လည်း စီရင်ချက်ကို ဘော်ပြရမည်။

10. ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်သားတို့သည် ဘော်ပြသော စီရင်ချက်အတိုင်း၊ သင်သည် ပြုရမည်။ သူတို့သွန်သင်သည်အတိုင်း ပြုရခြင်းငှာ စောင့်ရှောက်ရမည်။

11. သူတို့ဘော်ပြသော ဓမ္မသတ်စီရင်ချက်၊ ကြားပြောသော ဆုံးဖြတ်ချက်ရှိသည်အတိုင်း ပြုရမည်။ သူတို့ပြသော စီရင်ချက်မှ လက်ျာဘက်၊ လက်ဝဲဘက်သို့ မလွှဲရ။

12. သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ အမှုတော်ကို စောင့်သော ယဇ်ပုရောဟိတ်၊ တရားသူကြီးစကားကို နားမထောင်ဘဲ ရဲရင့်စွာပြုသောသူကို အသေ သတ်သဖြင့် ဣသရေလအမျိုးမှ ဒုစရိုက်ကိုပယ်ရမည်။

13. ထိုသိတင်းကို လူခပ်သိမ်းတို့သည်ကြားလျှင် ကြောက်ရွံ့သောစိတ်ရှိသဖြင့် နောက်တဖန် ရဲရင့်စွာ မပြုဘဲနေကြလိမ့်မည်။

14. သင်၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူသောပြည်ကို သင်သည် ဝင်စား၍နေသောအခါ၊ သင်က၊ ငါ့ပတ်လည်၌နေသော တပါးသော လူမျိုးအပေါင်းတို့ နည်းတူ၊ ငါသည် ရှင်ဘုရင်အရာ၌ တစုံတယောက်ကို ချီးမြှောက်မည်ဟု ဆိုလျှင်၊

15. သင်၏ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူသောသူ၊ ညီအစ်ကို အမျိုးသားချင်းကိုသာ ရှင်ဘုရင်အရာ၌ ချီးမြှောက်ရမည်။ ညီအစ်ကို အမျိုးသား ချင်းမဟုတ်သော တပါးအမျိုးသားကို မချီးမြှောက်ရ။

16. ထိုရှင်ဘုရင်သည် ကိုယ်အဘို့ များစွာသော မြင်းတို့ကို မမွေးရ။ မြင်းများပြားစေခြင်းငှာ အဲဂုတ္တုပြည်သို့ လူကိုမပြန်စေရ။ အကြောင်းမူကား၊ ထိုလမ်းသို့မပြန်မသွားရဟု ထာဝရဘုရား အမိန့်တော်ရှိ၏။

17. သူ၏စိတ်နှလုံးသည် ဖောက်ပြန်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း များစွာသော မယားတို့ကို မယူရ။ ရွှေငွေကိုလည်း များစွာမဆည်းဖူးရ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 17