ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 15:1-3 Judson Bible (BJB)

1. ခုနစ်နှစ်တခါ လွှတ်ခြင်းကို ပြုရမည်။

2. လွှတ်ခြင်းတရားဟူမူကား၊ ကိုယ်နှင့်စပ်ဆိုင်သောသူအား ဥစ္စာကို ချေးငှားသော ကြွေးရှင်မည်သည်ကား၊ ထိုကြွေးကို လွှတ်ရမည်။ ထာဝရဘုရားလွှတ်ခြင်း ကာလဖြစ်သောကြောင့်၊ ထိုကြွေးကို အိမ်နီးချင်း၊ ညီအစ်ကိုချင်း၌ မတောင်းရ။

3. တကျွန်းတနိုင်ငံသား၌ တောင်းရသောအခွင့်ရှိ၏။ ညီအစ်ကို၌ရှိသော ကိုယ်ဥစ္စာကို မတောင်းဘဲ လွှတ်ရမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 15