ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 10:2-11 Judson Bible (BJB)

2. သင်ချိုးဖဲ့သောအရင်ကျောက်ပြား၌ စကားပါသည်အတိုင်း၊ နောက်ကျောက်ပြားပေါ်မှာ ငါရေးထားဦးမည်။ သင်သည် ထိုကျောက်ပြားကို သေတ္တာထဲမှာထားရမည်ဟု ငါ့အားမိန့်တော်မူ၏။

3. ငါသည်လည်း၊ အကာရှသစ်သားဖြင့်သေတ္တာကိုလုပ်၍၊ အရင်ကျောက်ပြားနည်းတူ ကျောက်ပြားနှစ်ပြားကိုခုတ်ပြီးမှ၊ ထိုကျောက်ပြားကို ကိုင်လျက် တောင်ပေါ်သို့တက်လေ၏။

4. သင်တို့စည်းဝေးသောနေ့၌ ထာဝရဘုရားသည် တောင်ပေါ်မှာမီးထဲက မိန့်မြွက်တော်မူသော ပညတ်တော်ဆယ်ပါးတို့ကို၊ အရင်စာ၌လာသည်အတိုင်း၊ ထာဝရဘုရားသည်ရေးထား၍ ငါ့အားပေးတော်မူ၏။

5. ငါသည်လည်းလှည့်၍ တောင်ပေါ်ကဆင်းသ ဖြင့်၊ လုပ်ပြီးသောသေတ္တာထဲ၌ ထိုကျောက်ပြားကိုထား၍၊ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ထိုသေတ္တာထဲ၌ ယခုရှိ၏။

6. ငါသည်တောင်ပေါ်မှာအရင်နေသောကာလနှင့်အမျှ၊ အရက်လေးဆယ်ပတ်လုံး တဖန်နေပြန်၍၊ ထိုအခါ၌လည်း ထာဝရဘုရားသည် သင်တို့ကိုမဖျက်ဆီး မည်အကြောင်း၊ ငါ့စကားကိုနားထောင်တော်မူ၏။

7. ထာဝရဘုရားကလည်း၊ ထလော့။ ဤလူမျိုးအားပေးခြင်းငှာ၊ သူတို့ဘိုးဘေးတို့အား ငါကျိန်ဆိုသောပြည်သို့ သူတို့သည်သွား၍ သိမ်းယူမည်အကြောင်း၊ သူတို့ရှေ့မှာခရီးသွားလော့ဟု ငါ့အားမိန့်တော်မူ၏။

8. ဣသရေလအမျိုးသားတို့သည် မောသရုတ်အရပ်မှခရီးသွား၍၊ ဗင်္ယာကန်အရပ်၌ စားခန်းချကြ၏။

9. ထိုအရပ်မှခရီးသွား၍ ဟောရဂိဒ်ဂဒ်အရပ်၌စားခန်းချကြ၏။ ထိုအရပ်မှ ခရီးသွား၍ ဧဗြောနအရပ်၌စားခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဧဇယုန်ဂါဗာ အရပ်၌စားခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဇိနတောကာဒေရှအရပ်၌ စားခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဟောရတောင်၌စားခန်းချကြ၏။ ထိုအရပ်၌ အာရုန်သည်အနိစ္စရောက်၍၊ သူ့ကိုသင်္ဂြိုဟ်ရ၏။ သူ၏သားဧလာဇာသည် အဘ၏အရာ၌ ယဇ်ပုရောဟိတ်အမှုကိုဆောင်ရ၏။

10. လေဝိသားတို့သည် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာကို ထမ်းစေခြင်းငှာ၎င်း၊ ရှေ့တော်၌ရပ်၍ အမှုတော်ကိုဆောင်ရွက်စေခြင်းငှာ၎င်း၊ အခွင့်တော်နှင့် ကောင်းကြီးပေးစေခြင်းငှာ၎င်း၊ ယနေ့တိုင်အောင် ထိုသူတို့ကိုခွဲခန့်တော်မူ၏။

11. ထို့ကြောင့်လေဝိသားတို့သည် ညီအစ်ကိုတို့နှင့် ရော၍အဘို့ကိုမပိုင်၊ အမွေကိုမခံရ။ သင်၏ဘုရားသခင် ထာဝရဘုရားသည် သူတို့ခံရသောအမွေဖြစ် တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 10