ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 10:1-7 Judson Bible (BJB)

1. ထိုအခါထာဝရဘုရားက၊ အရင်ကျောက်ပြားနှစ်ပြားနည်းတူ၊ ကျောက်ပြားနှစ်ပြားကို ခုတ်ဦးလော့။ ငါရှိရာသို့တက်လာလော့။ သေတ္တာကိုလည်း လုပ်လော့။

2. သင်ချိုးဖဲ့သောအရင်ကျောက်ပြား၌ စကားပါသည်အတိုင်း၊ နောက်ကျောက်ပြားပေါ်မှာ ငါရေးထားဦးမည်။ သင်သည် ထိုကျောက်ပြားကို သေတ္တာထဲမှာထားရမည်ဟု ငါ့အားမိန့်တော်မူ၏။

3. ငါသည်လည်း၊ အကာရှသစ်သားဖြင့်သေတ္တာကိုလုပ်၍၊ အရင်ကျောက်ပြားနည်းတူ ကျောက်ပြားနှစ်ပြားကိုခုတ်ပြီးမှ၊ ထိုကျောက်ပြားကို ကိုင်လျက် တောင်ပေါ်သို့တက်လေ၏။

4. သင်တို့စည်းဝေးသောနေ့၌ ထာဝရဘုရားသည် တောင်ပေါ်မှာမီးထဲက မိန့်မြွက်တော်မူသော ပညတ်တော်ဆယ်ပါးတို့ကို၊ အရင်စာ၌လာသည်အတိုင်း၊ ထာဝရဘုရားသည်ရေးထား၍ ငါ့အားပေးတော်မူ၏။

5. ငါသည်လည်းလှည့်၍ တောင်ပေါ်ကဆင်းသ ဖြင့်၊ လုပ်ပြီးသောသေတ္တာထဲ၌ ထိုကျောက်ပြားကိုထား၍၊ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ထိုသေတ္တာထဲ၌ ယခုရှိ၏။

6. ငါသည်တောင်ပေါ်မှာအရင်နေသောကာလနှင့်အမျှ၊ အရက်လေးဆယ်ပတ်လုံး တဖန်နေပြန်၍၊ ထိုအခါ၌လည်း ထာဝရဘုရားသည် သင်တို့ကိုမဖျက်ဆီး မည်အကြောင်း၊ ငါ့စကားကိုနားထောင်တော်မူ၏။

7. ထာဝရဘုရားကလည်း၊ ထလော့။ ဤလူမျိုးအားပေးခြင်းငှာ၊ သူတို့ဘိုးဘေးတို့အား ငါကျိန်ဆိုသောပြည်သို့ သူတို့သည်သွား၍ သိမ်းယူမည်အကြောင်း၊ သူတို့ရှေ့မှာခရီးသွားလော့ဟု ငါ့အားမိန့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 10