ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 8:1-9 Judson Bible (BJB)

1. ထာဝရဘုရားကလည်း၊ သင်သည် အာရုန်အားဆင့်ဆိုရမည်မှာ၊

2. မီးခွက်များကိုထွန်းသောအခါ၊ မီးခွက်ခုနစ်လုံးတို့သည် မီးခုံတဘက်တချက်၌ ထွန်းလင်းရမည်ဟု၊

3. မောရှေအားမှာထားတော်မူသည်အတိုင်း၊ အာရုန်ပြု၍ မီးခုံတဘက်တချက်၌ မီးခွက်များကိုထွန်းလေ၏။

4. မီးခုံမူကား၊ ထာဝရဘုရားသည် မောရှေအားပြတော်မူသောပုံနှင့်အညီ မီးခုံတိုင်မှစ၍ ကြာပွင့်တိုင်အောင် ရွှေဖြင့်တစပ်တည်းထုလုပ်သော မီးခုံဖြစ်သတည်း။

5. ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား

6. လေဝိသားတို့ကို၊ ဣသရေလအမျိုးသားတို့ အထဲကရွေးကောက်၍ စင်ကြယ်စေလော့။

7. စင်ကြယ်စေခြင်းငှါပြုရမည်အမှုဟူမူကား၊ စင်ကြယ်ခြင်းမင်္ဂလာရေကို သူတို့အပေါ်မှာဖြန်း၍၊ သူတို့သည် တကိုယ်လုံးကိုအမွေးရိတ်ခြင်း၊ အဝတ်လျှော်ခြင်း ကိုပြုသဖြင့် စင်ကြယ်စေရမည်။

8. ဆီရောသောမုန့်ညက်တည်းဟူသော ဘောဇဉ်ပူဇော်သက္ကာနှင့်တကွ၊ အသက်ပျိုသောနွားထီးတကောင်၊ အပြစ်ဖြေရာယဇ်ဘို့ အသက်ပျိုသော နွားထီးတကောင်ကိုယူပြီးလျှင်၊

9. လေဝိသားတို့ကို ပရိသတ်စည်းဝေးရာတဲတော်ရှေ့သို့ခေါ်ခဲ့၍၊ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့ကိုစည်းဝေးစေပြီးမှ၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 8