ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 7:79-89 Judson Bible (BJB)

79. အကျပ်တော်အလိုက် တပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသောငွေဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော၍အပြည့်ထည့်သောမုန့်ညက်။

80. မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ်အချိန်ရှိသောရွှေဇွန်း၊

81. မီးရှို့ရာယဇ်ဘို့ အသက်ပျိုသောနွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည်သောသိုးသငယ်တကောင်၊

82. အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊

83. မိဿဟာယယဇ်ဘို့နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သောသိုးသငယ်ငါးကောင်တို့ကို ဧနန်သားအဟိရသည် ပူဇော်လေ၏။

84. ထိုသို့ဣသရေလအမျိုးတို့၌ မင်းဖြစ်သောသူတို့သည်၊ ယဇ်ပလ္လင်ကို ဆီလူးသောနေ့၌ အနုမောဒနာပြုစရာဘို့ ဆက်သောငွေအင်တုံပေါင်းဆယ်နှစ်လုံး၊ ငွေ ဖလားပေါင်းဆယ်နှစ်လုံး၊ ရွှေဇွန်းပေါင်းဆယ်နှစ်စင်းတည်း။

85. ငွေအင်တုံအချိန်ကား၊ တလုံးလျှင် တပိဿာသုံးဆယ်စီ၊ ငွေဖလားအချိန်ကား၊ တလုံးလျှင် ခုနစ်ဆယ်စီရှိ၍ ငွေချိန်ပေါင်းကား၊ အကျပ်တော်အလိုက်၊ အခွက် နှစ်ဆယ်လေးပိဿာရှိသတည်း။

86. မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်သော ရွှေဇွန်းဆယ်နှစ်စင်းအချိန်ကား၊ အကျပ်တော်အလိုက်ဆယ်ကျပ်စီရှိ၍၊ ရွှေချိန်ပေါင်းကား တပိဿာနှစ်ဆယ်ရှိသတည်း။

87. မီးရှို့ရာယဇ်ဘို့ ဘောဇဉ်ပူဇော်သက္ကာနှင့်တကွ နွားပေါင်းဆယ်နှစ်ကောင်၊ သိုးထီးဆယ်နှစ်ကောင်၊ အခါမလည်သောသိုးသငယ်ဆယ်နှစ်ကောင်၊ အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ်ပေါင်းဆယ်နှစ်ကောင်၊

88. မိဿဟာယယဇ်ဘို့နွားပေါင်း၊ နှစ်ဆယ်လေးကောင်၊ သိုးထီးခြောက်ဆယ်၊ ဆိတ်ထီးခြောက်ဆယ်၊ အခါမလည်သောသိုးသငယ်ခြောက်ဆယ်ရှိသတည်း။ ဤရွေ့ကား၊ ယဇ်ပလ္လင်ဆီလူးသောနောက်၊ အနုမောဒနာပြုဘို့ ဆက်သော ပူဇော်သက္ကာပေတည်း။

89. မောရှေသည် ဘုရားသခင်ကိုလျှောက်ခြင်းငှါ ပရိသတ်စည်းဝေးရာ တဲတော်ထဲသို့ဝင်သောအခါ၊ ခေရုဗိမ်နှစ်ပါးကြားမှာ၊ သက်သေခံချက်သေတ္တာအပေါ်၌ တင်သောအဖုံးထက်သော ဘုရားသခင်ခေါ်တော်မူသံကို မောရှေသည်ကြား၍ ထူးလေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 7