ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 7:10-21 Judson Bible (BJB)

10. ယဇ်ပလ္လင်ကိုဆီလူးသောနေ့၌ အနုမောဒနာပြုစရာဘို့ ယဇ်ပလ္လင်ရှေ့မှာ အခြားသောပူဇော်သက္ကာကို ပြုကြ၏။

11. ထာဝရဘုရားကလည်း၊ ယဇ်ပလ္လင်ကို အနုမောဒနာပြုစရာဘို့၊ မင်းအသီးအသီးတို့သည် နေ့ရက်အစဉ်အတိုင်း မိမိပူဇော်သက္ကာကိုပြုရကြမည်ဟု မောရှေအား မိန့်တော်မူ၏။

12. ထိုသို့နှင့်အညီ၊ ပဌမနေ့၌ ယုဒအမျိုး၊ အမိနဒပ်သားနာရှုန်သည် ဆက်သော ပူဇော်သက္ကာဟူမူကား၊

13. အကျပ်တော်အလိုက် တပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသောငွေဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊

14. မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ်အချိန်ရှိသော ရွှေဇွန်း၊

15. မီးရှို့ရာယဇ်ဘို့ အသက်ပျိုသောနွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည်သောသိုးသငယ်တကောင်၊

16. အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊

17. မိဿဟာယယဇ်ဘို့နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ်ငါးကောင်တို့ကို အမိနဒပ်သားနာရှုန်သည် ပူဇော်လေ၏။

18. ဒုတိယနေ့၌ ဣသခါအမျိုးတွင်မင်းဖြစ်သော ဇုအာသား နာသနေလဆက်သော ပူဇော်သက္ကာဟူမူကား၊

19. အကျပ်တော်အလိုက် တပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသောငွေဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့် ရော၍အပြည့်ထည့်သောမုန့်ညက်၊

20. မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ်အချိန်ရှိသော ရွှေဇွန်း

21. မီးရှို့ရာယဇ်ဘို့အသက်ပျိုသောနွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည်သောသိုးသငယ်တကောင်၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 7