အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 7 Judson Bible (BJB)

1. မောရှေသည် တဲတော်ကိုထူထောင်၍၊ တဲတော်နှင့် တဲတော်တန်ဆာရှိသမျှတို့ကို၎င်း၊ ယဇ်ပလ္လင်နှင့် ယဇ်ပလ္လင်တန်ဆာရှိသမျှတို့ကို၎င်း၊ ဆီလူး၍ သန့်ရှင်းစေခြင်းအမှုကို လက်စသတ်သောနေ့၌၊

2. စာရင်းဝင်သောသူတို့ကိုအုပ်၍ ဣသရေလအမျိုးအနွယ်အသီးသီးတို့၌ မင်းဖြစ်သောသူ၊ အဆွေအမျိုးသူကြီးမင်းတို့သည်၊

3. မင်းတပါးနွားထီးတကောင်စီ၊ မင်းနှစ်ပါး၊ အမိုးပါသောရထားတခုစီ၊ ရထားခြောက်ခု၊ နွားဆယ်နှစ်ကောင်တို့ကို တဲတော်ရှေ့သို့ဆောင်ခဲ့၍ ထာဝရ ဘုရားအား ပူဇော်သက္ကာပြုကြ၏။

4-5. ထာဝရဘုရားကလည်း သင်သည် ပရိသတ်စည်းဝေးရာ တဲတော်အမှုဆောင်ရွက်စရာတို့ခံယူ၍ အမှုကိုဆောင်ရွက်ရသည့်အတိုင်း လေဝိသား အသီးသီးတို့အားပေးလော့ဟု မိန့်တော်မူ၏။

6. မောရှေသည် ရထားနှင့် နွားတို့ကိုခံယူ၍ လေဝိသားတို့အားပေးသဖြင့်

7. အမှုဆောင်ရွက်စရာရှိသည်အတိုင်း၊ ယဇ်ပုရောဟိတ်အာရုန်၏သား ဣသမာအုပ်သောဂေရရှုန်သားတို့အား ရထားနှစ်ခုနှင့် နွားလေးကောင်တို့ကို၎င်း၊

8. မေရာရိသားတို့အားရထားလေးခုနှင့် နွားရှစ်ကောင်တို့ကို၎င်း ပေးလေ၏။

9. သန်ရှင်းရာဌာနတော်မူကိုစောင့်ရသော ကောဟတ်သားတို့သည် မိမိတို့ပခုံး၌ ထမ်းရွက်ရသောကြောင့်၊ သူတို့အားရထားနှင့် နွားတို့ကိုမပေး။

10. ယဇ်ပလ္လင်ကိုဆီလူးသောနေ့၌ အနုမောဒနာပြုစရာဘို့ ယဇ်ပလ္လင်ရှေ့မှာ အခြားသောပူဇော်သက္ကာကို ပြုကြ၏။

11. ထာဝရဘုရားကလည်း၊ ယဇ်ပလ္လင်ကို အနုမောဒနာပြုစရာဘို့၊ မင်းအသီးအသီးတို့သည် နေ့ရက်အစဉ်အတိုင်း မိမိပူဇော်သက္ကာကိုပြုရကြမည်ဟု မောရှေအား မိန့်တော်မူ၏။

12. ထိုသို့နှင့်အညီ၊ ပဌမနေ့၌ ယုဒအမျိုး၊ အမိနဒပ်သားနာရှုန်သည် ဆက်သော ပူဇော်သက္ကာဟူမူကား၊

13. အကျပ်တော်အလိုက် တပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသောငွေဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊

14. မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ်အချိန်ရှိသော ရွှေဇွန်း၊

15. မီးရှို့ရာယဇ်ဘို့ အသက်ပျိုသောနွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည်သောသိုးသငယ်တကောင်၊

16. အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊

17. မိဿဟာယယဇ်ဘို့နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ်ငါးကောင်တို့ကို အမိနဒပ်သားနာရှုန်သည် ပူဇော်လေ၏။

18. ဒုတိယနေ့၌ ဣသခါအမျိုးတွင်မင်းဖြစ်သော ဇုအာသား နာသနေလဆက်သော ပူဇော်သက္ကာဟူမူကား၊

19. အကျပ်တော်အလိုက် တပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသောငွေဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့် ရော၍အပြည့်ထည့်သောမုန့်ညက်၊

20. မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ်အချိန်ရှိသော ရွှေဇွန်း

21. မီးရှို့ရာယဇ်ဘို့အသက်ပျိုသောနွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည်သောသိုးသငယ်တကောင်၊

22. အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊

23. မိဿဟာယယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သောသိုးသငယ်ငါးကောင်တို့ကို ဇုအာသားနာသနေလသည် ပူဇော်လေ ၏။

24. တတိယနေ့၌ ဇာဗုလုန်အမျိုးတွင်မင်းဖြစ်သော ဟေလုန်သားဧလျာဘဆက်သော ပူဇော်သက္ကာဟူမူကား၊

25. အကျပ်တော်အလိုက် တပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသောငွေဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊

26. မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ်အချိန်ရှိသောရွှေဇွန်း၊

27. မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည်သောသိုးသငယ်တကောင်၊

28. အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊

29. မိဿဟာယဇ်ဘို့နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သောသိုးသငယ်ငါးကောင်တို့ကို ဟေလုန်သား ဧလျာဘသည် ပူဇော်လေ၏။

30. စတုတ္ထနေ့၌ ရုဗင်အမျိုးတွင်မင်းဖြစ်သော ရှေဒုရသားဧလိဇုရဆက်သော ပူဇော်သက္ကာဟူမူကား၊

31. အကျပ်တော်အလိုက် တပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသောငွေဖလား၊ ဘောဇဉ်ဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊

32. မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ်အချိန်ရှိသောရွှေဇွန်း၊

33. မီးရှို့ရာယဇ်ဘို့ အသက်ပျိုသောနွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည်သောသိုးသငယ်တကောင်၊

34. အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊

35. မိဿဟာယယဇ်ဘို့နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သောသိုးသငယ်ငါးကောင်တို့ကို ရှေဒုရသားဧလိဇုရသည် ပူဇော်လေ၏။

36. ပဥ္စမနေ့၌ ရှိမောင်အမျိုးတွင်မင်းဖြစ်သော ဇုရိရှဒ္ဒဲသား၊ ရှေလုမျေလဆက်သော ပူဇော်သက္ကာဟူမူကား၊

37. အကျပ်တော်အလိုက် တပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသောငွေဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့် ရော၍အပြည့်ထည့်သောမုန့်ညက်၊

38. မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ်အချိန်ရှိသောရွှေဇွန်း၊

39. မီးရှို့ရာယဇ်ဘို့အသက်ပျိုသောနွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည်သောသိုးသငယ်တကောင်၊

40. အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊

41. မိဿဟာယယဇ်ဘို့နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ်ငါးကောင်တို့ကို ဇုရိရှဒ္ဒဲသားရှေလုမျေလသည်ပူဇော် လေ၏။

42. ဆဌမနေ့၌ ဂဒ်အမျိုးတွင်မင်းဖြစ်သော ဒွေလသား၊ ဧလျာသပ်ဆက်သော ပူဇော်သက္ကာဟူမူကား၊

43. အကျပ်တော်အလိုက် တပိဿာသုံးဆယ်အချိန်ရှိသောငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသောငွေဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံဖလား၌ ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊

44. မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ်အချိန်ရှိသောရွှေဇွန်း၊

45. မီးရှို့ရာယဇ်ဘို့ အသက်ပျိုသောနွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည်သောသိုးသငယ်တကောင်၊

46. အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊

47. မိဿဟာယဇ်ဘို့နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ်ငါးကောင်တို့ကို ဒွေလသား ဧလျာသပ်သည် ပူဇော်လေ၏။

48. သတ္တမနေ့၌ ဧဖရိမ်အမျိုးတွင်မင်းဖြစ်သော အမိဟုဒ်သားဧလိရှမာဆက်သော ပူဇော်သက္ကာဟူမူကား၊

49. အကျပ်တော်အလိုက် တပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ ခုနစ်ဆယ်အချိန်ရှိသောငွေဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊

50. မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ်အချိန်ရှိသောရွှေဇွန်း၊

51. မီးရှို့ရာယဇ်ဘို့ အသက်ပျိုသောနွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည်သောသိုးသငယ်တကောင်၊

52. အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်

53-54. မိဿဟာယယဇ်ဘို့နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ်ငါးကောင်တို့ကို၊ အမိဟုဒ်သားဧလိရှမာသည် ပူဇော် လေ၏။

55. အကျပ်တော်အလိုက် တပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသောငွေဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ထိုအင်တုံ၊ ဖလား၌ ဆီနှင့် ရော၍အပြည့်ထည့်သောမုန့်ညက်၊

56. မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ်အချိန်ရှိသောရွှေဇွန်း၊

57. မီးရှို့ရာယဇ်ဘို့ အသက်ပျိုသောနွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည်သောသိုးသငယ်တကောင်၊

58. အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊

59. မိဿဟာယယဇ်ဘို့နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ်ငါးကောင်တို့ကို ပေဒါဇုရသားဂါမလျေလသည် ပူဇော် လေ၏။

60. နဝမနေ့၌ ဗင်္ယာမိန်အမျိုးတွင်မင်းဖြစ်သော ဂိဒေါနိသားအဘိဒန်ဆက်သော ပူဇော်သက္ကာဟူမူကား

61. အကျပ်တော်အလိုက် တပိဿာသုံးဆယ်အချိန်ရှိသောငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသောငွေဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊

62. မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ်အချိန်ရှိသောရွှေဇွန်း

63. မီးရှို့ရာယဇ်ဘို့ အသက်ပျိုသောနွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည်သောသိုးသငယ်တကောင်၊

64. အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊

65. မိဿဟာယယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်တို့ကို ဂိဒေါနိသားအဘိဒန်သည်ပူဇော်လေ၏၊

66. ဒသမနေ့၌ ဒန်အမျိုးတွင်မင်းဖြစ်သော အမိရှဒ္ဒဲသားအဟေဇာဆက်သော ပူဇော်သက္ကာဟူမူကား၊

67. အကျပ်တော်အလိုက် တပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသောငွေဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်။

68. မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ်အချိန်ရှိသောရွှေဇွန်း၊

69. မီးရှို့ရာယဇ်ဘို့ အသက်ပျိုသောနွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည်သောသိုးသငယ်တကောင်၊

70. အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊

71. မိဿဟာယယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သောသိုးသငယ်ငါးကောင်တို့ကို အမိရှဒ္ဒသားအဟေဇာသည် ပူဇော်လေ၏။

72. ဧကာဒသမနေ့၌ အာရှာအမျိုးတွင်မင်းဖြစ်သော ဩကရန်သား ပါဂျေလဆက်သောပူဇော်သက္ကာဟူမူကား၊

73. အကျပ်တော်အလိုက် တပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသောငွေဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်။

74. မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ်အချိန်ရှိသောရွှေဇွန်း၊

75. မီးရှို့ရာယဇ်ဘို့ အသက်ပျိုသောနွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည်သောသိုးသငယ်တကောင်၊

76. အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊

77. မိဿဟာယယဇ်ဘို့နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ်ငါးကောင်တို့ကို ဩကရန်သားပါဂျေလသည် ပူဇော် လေ၏။

78. ဒွါဒသမနေ့၌နသာလိအမျိုးတွင်မင်းဖြစ်သော ဧနန်သားအဟိရဆက်သော ပူဇော်သက္ကာဟူမူကား၊

79. အကျပ်တော်အလိုက် တပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသောငွေဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော၍အပြည့်ထည့်သောမုန့်ညက်။

80. မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ်အချိန်ရှိသောရွှေဇွန်း၊

81. မီးရှို့ရာယဇ်ဘို့ အသက်ပျိုသောနွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည်သောသိုးသငယ်တကောင်၊

82. အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊

83. မိဿဟာယယဇ်ဘို့နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သောသိုးသငယ်ငါးကောင်တို့ကို ဧနန်သားအဟိရသည် ပူဇော်လေ၏။

84. ထိုသို့ဣသရေလအမျိုးတို့၌ မင်းဖြစ်သောသူတို့သည်၊ ယဇ်ပလ္လင်ကို ဆီလူးသောနေ့၌ အနုမောဒနာပြုစရာဘို့ ဆက်သောငွေအင်တုံပေါင်းဆယ်နှစ်လုံး၊ ငွေ ဖလားပေါင်းဆယ်နှစ်လုံး၊ ရွှေဇွန်းပေါင်းဆယ်နှစ်စင်းတည်း။

85. ငွေအင်တုံအချိန်ကား၊ တလုံးလျှင် တပိဿာသုံးဆယ်စီ၊ ငွေဖလားအချိန်ကား၊ တလုံးလျှင် ခုနစ်ဆယ်စီရှိ၍ ငွေချိန်ပေါင်းကား၊ အကျပ်တော်အလိုက်၊ အခွက် နှစ်ဆယ်လေးပိဿာရှိသတည်း။

86. မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်သော ရွှေဇွန်းဆယ်နှစ်စင်းအချိန်ကား၊ အကျပ်တော်အလိုက်ဆယ်ကျပ်စီရှိ၍၊ ရွှေချိန်ပေါင်းကား တပိဿာနှစ်ဆယ်ရှိသတည်း။

87. မီးရှို့ရာယဇ်ဘို့ ဘောဇဉ်ပူဇော်သက္ကာနှင့်တကွ နွားပေါင်းဆယ်နှစ်ကောင်၊ သိုးထီးဆယ်နှစ်ကောင်၊ အခါမလည်သောသိုးသငယ်ဆယ်နှစ်ကောင်၊ အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ်ပေါင်းဆယ်နှစ်ကောင်၊

88. မိဿဟာယယဇ်ဘို့နွားပေါင်း၊ နှစ်ဆယ်လေးကောင်၊ သိုးထီးခြောက်ဆယ်၊ ဆိတ်ထီးခြောက်ဆယ်၊ အခါမလည်သောသိုးသငယ်ခြောက်ဆယ်ရှိသတည်း။ ဤရွေ့ကား၊ ယဇ်ပလ္လင်ဆီလူးသောနောက်၊ အနုမောဒနာပြုဘို့ ဆက်သော ပူဇော်သက္ကာပေတည်း။

89. မောရှေသည် ဘုရားသခင်ကိုလျှောက်ခြင်းငှါ ပရိသတ်စည်းဝေးရာ တဲတော်ထဲသို့ဝင်သောအခါ၊ ခေရုဗိမ်နှစ်ပါးကြားမှာ၊ သက်သေခံချက်သေတ္တာအပေါ်၌ တင်သောအဖုံးထက်သော ဘုရားသခင်ခေါ်တော်မူသံကို မောရှေသည်ကြား၍ ထူးလေ၏။