ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 5:18-28 Judson Bible (BJB)

18. ထိုမိန်းမကို ထာဝရဘုရားရှေ့တော်မှာထားပြီးလျှင်၊ ခေါင်း၌ အချည်းစည်းရှိစေ၍၊ မယားကိုမယုံခြင်း၊ ပူဇော်သက္ကာတည်းဟူသော သတိပေးရာ ပူဇော်သက္ကာကို မိန်းမလက်၌ထည့်ရမည်။ ကျိန်ခြင်းဘေးကိုဖြစ်စေသော ရေခါးကို၊ ယဇ်ပုရောဟိတ်ကိုယ်တိုင်ကိုင်ရမည်။

19. ထိုအခါယဇ်ပုရောဟိတ်သည်၊ ထိုမိန်းမကိုအကျိန်တိုက်လျက် သင်သည် ကိုယ်ခင်ပွန်းမှတပါး အခြားသောယောက်ျားနှင့် မှားယွင်းခြင်းညစ်ညူးခြင်းမရှိလျှင်၊ ကျိန်ခြင်းဘေးကိုဖြစ်စေသော၊ ဤရေခါးနှင့် ကင်းလွတ်စေသတည်း။

20. ကိုယ်ခင်ပွန်းမှတပါး အခြားသောယောက်ျားနှင့် မှားယွင်း၍ ညစ်ညူးခြင်းရှိလျှင်၊

21. ထာဝရဘုရားသည်၊ သင်၏ပေါင်ကိုပိန်စေ၍ ဝမ်းကိုလည်းရောင်စေသဖြင့်၊ သင့်ကိုကျိန်အပ်သောသူ၊ အထိမ်းအမှတ်ပြု၍ လူများကျိန်ဆိုခြင်းကိုခံရသောသူ ဖြစ်စေခြင်းငှါ စီရင်တော်မူစေသတည်း။

22. ကျိန်ခြင်းဘေးဖြစ်စေသော ဤရေသည်သင်၏ဝမ်းထဲသို့ဝင်၍ ဝမ်းရောင်ခြင်း၊ ပေါင်ပိန်ခြင်းကိုဖြစ်စေသတည်းဟု ယဇ်ပုရောဟိတ်သည် ကျိန်ခြင်းအကျိန်တိုက် လျှင် မိန်းမက၊ အာမင်၊ အာမင်ဟုဝန်ခံရမည်။

23. ယဇ်ပုရောဟိတ်သည်လည်း၊ ထိုအကျိန်တို့ကိုရေးမှတ်၍ တဖန် ရေခါးနှင့်ချေပြီးမှ၊

24. ကျိန်ခြင်းဘေးဖြစ်စေသောရေခါးကို မိန်းမအားတိုက်ရမည်။ ထိုရေသည် မိန်းမထဲသို့ဝင်၍ ခါးလိမ့်မည်။

25. ထိုအခါယဇ်ပုရောဟိတ်သည်၊ မယားကိုမယုံခြင်း၊ ပူဇော်သက္ကာကို မိန်းမလက်မှယူ၍ ထာဝရဘုရားရှေ့တော်၌ချီလွှဲလျက် ယဇ်ပလ္လင်ပေါ်မှာဆက်ပြီးလျှင်၊

26. မုန့်ညက်တလက်ဆွန်းတည်းဟူသော ပူဇော်သက္ကာအတွက်အတာကို ယဇ်ပလ္လင်ပေါ်မှာမီးရှို့၍ ထိုနောက်အကျိန်ရေကို မိန်းမသောက်စေရမည်။

27. ထိုမိန်းမသည်လင်ကိုပြစ်မှား၍ ညစ်ညူးခြင်းရှိလျှင် ကျိန်ခြင်း ဘေးဖြစ်စေသောရေကိုသောက်ပြီးမှ သူ့အထဲ၌ ရေဝင်၍ခါးသဖြင့် ဝမ်းရောင်ခြင်း၊ ပေါင်ပိန်ခြင်းသို့ရောက်၍ ထိုမိန်းမသည် မိမိအမျိုး၌ ကျိန်အပ်သောသူဖြစ်လိမ့်မည်။

28. သို့မဟုတ် ထိုမိန်းမသည်မညစ်ညူး၊ စင်ကြယ်ခြင်းရှိလျှင်၊ ဘေးနှင့်လွတ်၍ ပဋိသန္ဓေယူသောအခွင့် ရှိလိမ့်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 5