ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 5:13-23 Judson Bible (BJB)

13. မှားယွင်းစဉ်တွင် သူတပါးမတွေ့မိ သက်သေမရှိ၊ သီလပျက်သော်လည်း ထိုအမှုကိုဝှက်ထား၍ လင်မသိလျှင်၎င်း၊

14. သီလပျက်သည်ဖြစ်စေ၊ မပျက်သည်ဖြစ်စေ၊ လင်သည် မယားကို မယုံလျှင်၎င်း

15. ထိုမိန်းမပြုရသောပူဇော်သက္ကာဘို့ မုယောမုန့်၊ တဩမဲပါလျက် သူ့ကိုယဇ်ပုရောဟိတ်ထံသို့ခေါ်သွားရမည်။ မုန့်ညက်ပေါ်မှာ ဆီကိုမလောင်းရ။ လောဗန်ကိုမတင်ရ။ မယားကိုမယုံခြင်းပူဇော်သက္ကာအပြစ်ကို ဖေါ်တင်ရာ ပူဇော်သက္ကာဖြစ်၏။

16. ယဇ်ပုရောဟိတ်သည်၊ ထိုပူဇော်သက္ကာကိုယူ၍ ထာဝရဘုရားရှေ့တော်၌ ထားရမည်။

17. ယဇ်ပုရောဟိတ်သည် သန့်ရှင်းသောရေကို မြေအိုး၌လောင်းပြီးလျှင်၊ တဲတော်၌ရှိသော မြေမှုန့်ကိုယူ၍ ရေထဲမှာထည့်ရမည်။

18. ထိုမိန်းမကို ထာဝရဘုရားရှေ့တော်မှာထားပြီးလျှင်၊ ခေါင်း၌ အချည်းစည်းရှိစေ၍၊ မယားကိုမယုံခြင်း၊ ပူဇော်သက္ကာတည်းဟူသော သတိပေးရာ ပူဇော်သက္ကာကို မိန်းမလက်၌ထည့်ရမည်။ ကျိန်ခြင်းဘေးကိုဖြစ်စေသော ရေခါးကို၊ ယဇ်ပုရောဟိတ်ကိုယ်တိုင်ကိုင်ရမည်။

19. ထိုအခါယဇ်ပုရောဟိတ်သည်၊ ထိုမိန်းမကိုအကျိန်တိုက်လျက် သင်သည် ကိုယ်ခင်ပွန်းမှတပါး အခြားသောယောက်ျားနှင့် မှားယွင်းခြင်းညစ်ညူးခြင်းမရှိလျှင်၊ ကျိန်ခြင်းဘေးကိုဖြစ်စေသော၊ ဤရေခါးနှင့် ကင်းလွတ်စေသတည်း။

20. ကိုယ်ခင်ပွန်းမှတပါး အခြားသောယောက်ျားနှင့် မှားယွင်း၍ ညစ်ညူးခြင်းရှိလျှင်၊

21. ထာဝရဘုရားသည်၊ သင်၏ပေါင်ကိုပိန်စေ၍ ဝမ်းကိုလည်းရောင်စေသဖြင့်၊ သင့်ကိုကျိန်အပ်သောသူ၊ အထိမ်းအမှတ်ပြု၍ လူများကျိန်ဆိုခြင်းကိုခံရသောသူ ဖြစ်စေခြင်းငှါ စီရင်တော်မူစေသတည်း။

22. ကျိန်ခြင်းဘေးဖြစ်စေသော ဤရေသည်သင်၏ဝမ်းထဲသို့ဝင်၍ ဝမ်းရောင်ခြင်း၊ ပေါင်ပိန်ခြင်းကိုဖြစ်စေသတည်းဟု ယဇ်ပုရောဟိတ်သည် ကျိန်ခြင်းအကျိန်တိုက် လျှင် မိန်းမက၊ အာမင်၊ အာမင်ဟုဝန်ခံရမည်။

23. ယဇ်ပုရောဟိတ်သည်လည်း၊ ထိုအကျိန်တို့ကိုရေးမှတ်၍ တဖန် ရေခါးနှင့်ချေပြီးမှ၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 5