ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 5:1-14 Judson Bible (BJB)

1. တဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊

2. ငါနေသောတပ်ကိုမညစ်ညူးစေခြင်းငှါ၊

3. ဣသရေလအမျိုးသားတို့သည်နူသောသူ၊ ရိနာစွဲသောသူ၊ အသေကောင်ထိ၍ မစင်ကြယ်သောသူ ယောက်ျားမိန်းမအပေါင်းတို့ကို၊ တပ်ပြင်မှာနေရာချထား ရမည်အကြောင်း ဆင့်ဆိုလော့ဟု

4. မောရှေအားမိန့်တော်မူသည်အတိုင်း ဣသရေလအမျိုးသားတို့သည်ပြုကြ၏။

5. တဖန်မောရှေအားထာဝရဘုရားက၊ သင်သည်ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊

6. လူပြုတတ်သောဒုစရိုက်ကိုပြု၍၊ ထာဝရဘုရားကိုပြစ်မှားသဖြင့် အပြစ်ရောက်သောယောက်ျားမိန်းမသည်၊

7. ထိုအပြစ်ကို ဘော်ပြ၍တောင်းပန်ရမည်။ ပြစ်မှားသောအတွက်၊ ငါးစုတစုကိုထပ်၍ ပြစ်မှားခံသောသူအားပေးရမည်။

8. ထိုအပြစ်အတွက် ပေးသောဥစ္စာကိုခံထိုက်သော အမျိုးသားချင်းမရှိလျှင်၊ ယဇ်ပုရောဟိတ်အဘို့ ထာဝရဘုရားအားပူဇော်ရမည်။ ထိုမှတပါး အပြစ်ဖြေစေခြင်းငှါ အပြစ်ဖြေရာယဇ်ဘို့ သိုးတကောင်ကိုပူဇော်ရမည်။

9. ယဇ်ပုရောဟိတ်အား ဣသရေလအမျိုးသားပူဇော်၍ သန့်ရှင်းသောအရာရှိသမျှတို့သည်၊ ယဇ်ပုရောဟိတ်၏ဥစ္စာဖြစ်ရမည်။

10. လူတိုင်းသန့်ရှင်းစေ၍ ယဇ်ပုရောဟိတ်အား လှူသမျှတို့သည်လည်း ယဇ်ပုရောဟိတ်အား လှူသမျှတို့သည်လည်း ယဇ်ပုရောဟိတ်၏ဥစ္စာဖြစ်ရမည်ဟု မိန့် တော်မူ၏။

11. တဖန်မောရှေအားထာဝရဘုရားက သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊

12. လင်ရှိသောမိန်းမသည် အခြားတပါးသောယောက်ျားနှင့် မှားယွင်း၍ လင်ကိုပြစ်မှားလျှင်၎င်း၊

13. မှားယွင်းစဉ်တွင် သူတပါးမတွေ့မိ သက်သေမရှိ၊ သီလပျက်သော်လည်း ထိုအမှုကိုဝှက်ထား၍ လင်မသိလျှင်၎င်း၊

14. သီလပျက်သည်ဖြစ်စေ၊ မပျက်သည်ဖြစ်စေ၊ လင်သည် မယားကို မယုံလျှင်၎င်း

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 5