ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 4:3-14 Judson Bible (BJB)

3. အလုံးအရင်းဝင်သောသူအပေါင်းတို့ကို၊ ဘိုးဘအဆွေအမျိုးအလိုက် စာရင်းယူလော့။

4. အလွန်သန့်ရှင်းသောအရာတို့နှင့်ဆိုင်၍ ပရိသတ်စည်းဝေးရာတဲတော်၌ ကောဟတ်သားများစောင့်ရှောက်ရသောအမှုဟူမူကား၊

5. တပ်ချီချိန်ရောက်သောအခါ၊ အာရုန်နှင့် သူ၏သားတို့သည်လာ၍၊ အတွင်းကုလားကာကိုချပြီးလျှင်၊ သက်သေခံချက်သေတ္တာကိုအုပ်ရမည်။

6. ကုလားကာအပေါ်မှာတဟာရှသားရေနှင့် အုပ်ပြန်၍ သားရေအပေါ်မှာလည်း ပြာသောအထည်ကိုခင်းပြီးမှ၊ ထမ်းဘိုးတို့ကိုလျှိုထားရမည်။

7. ရှေ့တော်မုန့်စားပွဲပေါ်မှာ ပြာသောအထည်ကိုခင်း၍၊ လင်ပန်း၊ ဇွန်း၊ လောင်းစရာဖလားများနှင့်တကွ၊ အမြဲထည့်ရသောမုန့်ကိုတင်ပြီးမှ၊

8. ထိုအရာတို့ကို၊ နီသောအထည်နှင့် အုပ်ရမည်။ တဖန်တဟာရှသားရေနှင့် အုပ်ပြန်၍ ထမ်းဘိုးတို့ကိုလျှိုထားရမည်။

9. မီးထွန်းရာ မီးခုံ၊ မီးခွက်၊ မီးညှပ်၊ မီးညှပ်ခံရာခွက်၊ ဆီအိုးအစရှိသည်တို့ကို ပြာသောအထည်နှင့်အုပ်ပြီးမှ၊

10. ထိုတန်ဆာရှိသမျှတို့ကို၊ တဟာရှသားရေအိတ်ထဲ၌သွင်းထား၍၊ ထမ်းဘိုးကို တပ်ရမည်။

11. ရွှေယဇ်ပလ္လင်ပေါ်မှာ ပြာသောအထည်ကိုခင်း၍၊ တဟာရှသားရေနှင့်အုပ်ပြီးလျှင်၊ ထမ်းဘိုးတို့ကိုလျှိုထားရမည်။

12. သန့်ရှင်းရာဌာန၌ အမှုတော်ကိုဆောင်ရွက်ရန် တန်ဆာရှိသမျှတို့ကို ပြာသောအထည်အိတ်ထဲ၌သွင်းထား၍၊ တဟာရှသားရေဖြင့်အုပ်ပြီးမှ ထမ်းဘိုးကို တပ်ရမည်။

13. ယဇ်ပလ္လင်မှပြာကိုပယ်ရှင်း၍ ပလ္လင်ပေါ်မှာမောင်းသောအထည်ကို ခင်းပြီးလျှင်၊

14. ထိုပလ္လင်နှင့်ဆိုင်သောအမှုတော်ထမ်းရန် တန်ဆာတည်းဟူသောလင်ပန်း၊ အမဲသားချိတ်၊ တူးရွင်းပြား၊ အင်တုံအစရှိသော ယဇ်ပလ္လင်တန်ဆာရှိသမျှတို့ကို တင်၍၊ တဟာရှသားရေနှင့်အုပ်ပြီးမှ ထမ်းဘိုးတို့ကိုလျှိုထားရမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 4