ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 4:23-37 Judson Bible (BJB)

23. ပရိသတ်စည်းဝေးရာတဲတော်အမှုကိုဆောင်ခြင်းငှါ အလုံးအရင်းဝင်သော သူအပေါင်းတို့ကို၊ ဘိုးဘေးအဆွေအမျိုးအလိုက် စာရင်းယူလော့။

24. ဂေရရှုန်အဆွေအမျိုးတို့သည် စောင့်ရသောအမှု၊ ထမ်းရသောဝန်ဟူမူကား၊

25. အတွင်းတဲတော်ကုလားကာ၊ ပရိသတ်စည်းဝေးရာ တဲတော်ကုလားကာ၊ အပေါ်တဲ၊ တဟာရှသားရေအဖုံး၊ ပရိသတ်စည်းဝေးရာတဲတော်ကုလားကာ၊ အပေါ်တဲ၊ တာဟာရှသားရေအဖုံး၊ ပရိသတ်စည်းဝေးရာတဲတော်တံခါးဝ၌ ကာသောကုလားကာ၊

26. တဲတော်နှင့် ယဇ်ပလ္လင်ပတ်လည်ဝင်းကုလားကာ၊ ဝင်းတံခါးဝ၌ကာသော ကုလားကာ၊ ကြိုးများအစရှိသည်တို့ကို၎င်း၊ ထိုအရာများနှင့်ဆိုင်၍ အမှုတော်ထမ်းရန် တန်ဆာရှိသမျှတို့ကို၎င်း ထမ်းရွက်ရကြမည်။

27. ဂေရရှုန်သားများအမှုစောင့်လေရာရာ၊ ဝန်ထမ်းလေရာရာ၌၊ အာရုန်နှင့် သူ၏သားတို့ ခွဲခန့်စီရင်သည်အတိုင်း ဆောင်ရွက်ရကြမည်။

28. ဤရွေ့ကား ပရိသတ်စည်းဝေးရာတဲတော်၌ ဂေရရှုန်အဆွေအမျိုးသားများ ဆောင်ရွက်ရသောအမှုပေတည်း။ ယဇ်ပုရောဟိတ်အာရုန်၏သားဣသမာသည် သူတို့ကိုအုပ်ရမည်။

29. မေရာရိသားတို့တွင်လည်း၊ အသက်သုံးဆယ်လွန်၍ ငါးဆယ်မမှီ၊

30. ပရိသတ်စည်းဝေးရာ တဲတော်အမှုကိုဆောင်ခြင်းငှါ၊ အလုံးအရင်းဝင်သောသူ အပေါင်းတို့ကို ဘိုးဘအဆွေအမျိုးအလိုက် စာရင်းယူလော့။

31. သူတို့သည် ပရိသတ်စည်းဝေးရာတဲတော်၌ စောင့်ရသောအမှု၊ ထမ်းရသောဝန်ဟူမူကား၊ တဲတော်ပျဉ်ပြား၊ ကန့်လန့်ကျင်၊ တိုင်၊ ခြေစွပ်၊

32. ဝင်းတိုင်၊ ခြေစွပ်တံသင်၊ ကြိုးများတို့ကို၎င်း ထိုအရာများနှင့်ဆိုင်၍ အမှုတော်ထမ်းရန် တန်ဆာရှိသမျှတို့ကို၎င်း ထမ်းရွက်ကြရမည်။ သူတို့ထမ်းရွက်ရ သောတန်ဆာတို့ကို အမည်မှတ်၍ရေတွက်ရမည်။

33. ဤရွေ့ကား ယဇ်ပုရောဟိတ်အာရုန်၏သားဣသမာအုပ်၍ ပရိသတ်အစည်းဝေးရာတဲတော်၌ မေရာရိအဆွေအမျိုးသားများ ဆောင်ရွက်ရသော အမှုပေတည်း။

34. မောရှေနှင့် အာရုန်အစရှိသောပရိသတ်သူကြီးတို့သည် ကောဟတ်သားတို့တွင် အသက်သုံးဆယ်လွန်၍ ငါးဆယ်မမှီ၊

35. ပရိသတ်စည်းဝေးရာ တဲတော်အမှုကိုဆောင်ခြင်းငှါ၊ အလုံးအရင်းဝင်သောသူ အပေါင်းတို့ကို၊

36. ဘိုးဘ အဆွေအမျိုးအလိုက်ရေတွက်၍ စာရင်းသွင်းသောလူပေါင်းကား၊ နှစ်ထောင်ခုနစ်ရာငါးဆယ် ရှိသတည်း။

37. ဤသူတို့သည်မောရှေ၌ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း မောရှေနှင့် အာရုန်သည်ရေတွက်၍ ပရိသတ်စည်းဝေးရာတဲတော်အမှုကို ဆောင်ရွက်ရသော ကောဟတ်အဆွေအမျိုးသားပေတည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 4