ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 4:12-22 Judson Bible (BJB)

12. သန့်ရှင်းရာဌာန၌ အမှုတော်ကိုဆောင်ရွက်ရန် တန်ဆာရှိသမျှတို့ကို ပြာသောအထည်အိတ်ထဲ၌သွင်းထား၍၊ တဟာရှသားရေဖြင့်အုပ်ပြီးမှ ထမ်းဘိုးကို တပ်ရမည်။

13. ယဇ်ပလ္လင်မှပြာကိုပယ်ရှင်း၍ ပလ္လင်ပေါ်မှာမောင်းသောအထည်ကို ခင်းပြီးလျှင်၊

14. ထိုပလ္လင်နှင့်ဆိုင်သောအမှုတော်ထမ်းရန် တန်ဆာတည်းဟူသောလင်ပန်း၊ အမဲသားချိတ်၊ တူးရွင်းပြား၊ အင်တုံအစရှိသော ယဇ်ပလ္လင်တန်ဆာရှိသမျှတို့ကို တင်၍၊ တဟာရှသားရေနှင့်အုပ်ပြီးမှ ထမ်းဘိုးတို့ကိုလျှိုထားရမည်။

15. ထိုသို့တပ်ချီချိန်ရောက်သောအခါ အာရုန်နှင့် သူ၏သားတို့သည် သန့်ရှင်းရာဌာနတော်နှင့် သန့်ရှင်းသောတန်ဆာရှိသမျှတို့ကို ဖုံးအုပ်သောနောက်၊ ကောဟတ်သားတို့သည် ထမ်းခြင်းငှါချဉ်းကပ်ရကြမည်။ သို့ရာတွင် သူတို့သည် သေဘေးနှင့်လွတ်မည်အကြောင်း သန့်ရှင်းသောအရာကိုမကိုင်ရ၊ ဤေရွ့ကား ပရိသတ်စည်းဝေးရာတဲတော်၌ ကောဟတ်သားများ ဆောင်ရွက်ရသောအမှုပေတည်း။

16. ယဇ်ပုရောဟိတ်အာရုန်သားဧလာဇာ၏အရာနှင့်ဆိုင်သော အမှုဟူမူကား မီးထွန်းစရာ မီးရှို့ရာနံ့သာပေါင်းမွှေး၊ နေ့ရက်အစဉ်အတိုင်းဆက်ကပ်ရသော ဘောဇဉ်ပူဇော်သက္ကာလိမ်းရန်ဆီ အစရှိသောတဲတော်နှင့် တဲတော်တန်ဆာ ရှိသမျှတို့ကို သန့်ရှင်းရာဌာနတော်နှင့် သန့်ရှင်းသောတန်ဆာရှိသမျှတို့ကို၎င်း ကြည့်ရှု ပြုစုရမည်။

17. တဖန်ထာဝရဘုရားသည် မောရှေနှင့် အာရုန်အားမိန့်တော်မူသည်ကား၊

18. ကောဟတ်အဆွေအမျိုးအနွယ်သားတို့ကို လေဝိသားစုထဲကမပယ်မဖြတ်နှင့်။

19. သူတို့သည် အလွန်သန့်ရှင်းသောအရာတို့ကိုချဉ်းကပ်သောအခါ သေဘေးလွတ်၍ အသက်ရှင်မည်ဖြစ်ကြောင်း အာရုန်နှင့် သူ၏သားတို့သည် အရင်ဝင်၍ လူအသီးသီးစောင့်ရသောအမှု၊ ထမ်းရသောဝန်တို့ကိုခွဲခန့်ရမည်။

20. သို့ရာတွင် သန့်ရှင်းသောအရာတို့ကိုဖုံးအုပ်စဉ်အခါ ကောဟတ်သားတို့သည် သေဘေးနှင့် လွတ်မည်အကြောင်း၊ အထဲသို့ဝင်၍မကြည့်ရဟု မိန့်တော်မူ၏။

21. တဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊

22. ဂေရရှုန်အနွယ်သားတို့တွင်၊ အသက်သုံးဆယ်လွန်၍ငါးဆယ်မမှီ၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 4