10. သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍၊ ခါနာန်ပြည်သို့ရောက်ကြသောအခါ၊
11. လူအသက်ကိုအမှတ်တမဲ့သတ်မိသောသူပြေး၍ မှီခိုရာမြို့တို့ကို ရွေးထားရမည်။
12. ထိုမြို့တို့ကား၊ လူအသက်ကိုသတ်သောသူသည် ပရိသတ်ရှေ့သို့ရောက်၍၊ တရားစီရင်ခြင်းကို မခံမှီတိုင်အောင်၊ သေစားသေစေသောသူ၏လက်မှလွတ်၍ မှီခိုရာမြို့ ဖြစ်ရသတည်း။
13. လေဝိသားတို့အားပေးသောမြို့တို့တွင် ယော်ဒန်မြစ်အရှေ့ဘက်၌ မှီခိုရာမြို့သုံးမြို့၊
14. ခါနာန်ပြည်၌ မှီခိုရာမြို့သုံးမြို့၊ ပေါင်းခြောက်မြို့တို့ကိုရွေးထားရမည်။
15. ထိုမြို့ခြောက်မြို့တို့ကား၊ လူအသက်ကို အမှတ်တမဲ့သတ်မိသော ဣသရေလအမျိုးသား၊ သင်တို့တွင်တည်းခိုသော တပါးသောအမျိုးသားတို့သည် ပြေး၍ မှီခိုရာမြို့ဖြစ်သတည်း။
16. သို့ရာတွင် လူအသက်ကိုသေစေခြင်းငှါ၊ သံလက်နက်နှင့် ရိုက်လျှင် လူသတ်ဖြစ်၏။ လူသတ်သည် အသေသတ်ခြင်းကိုအမှန်ခံရမည်။
17. လူအသက်ကိုသေစေခြင်းငှာ ကျောက်ခဲနှင့်ပစ်လျှင် လူသတ်ဖြစ်၏။ အသေသတ်ခြင်းကို အမှန်ခံရမည်။
18. လူအသက်ကိုသေစေခြင်းငှာ သစ်သားလက်နက်နှင့် ရိုက်လျှင် လူသတ်ဖြစ်၏။ အသေသတ်ခြင်းကို အမှန်ခံရမည်။
19. သေစားသေစေသောသူသည် လူသတ်ကိုတွေ့သောအခါ၊ ကိုယ်တိုင်သတ်ရမည်။
20. သူတပါးကို အငြိုးထား၍တွန်းချသော်၎င်း၊ သေစေခြင်းငှါ ချောင်းမြောင်း၍ တစုံတခုနှင့် ပစ်သော်၎င်း၊
21. သေစေခြင်းငှါမုန်းသောစိတ်ရှိ၍ လက်နှင့်ရိုက်သော်၎င်း၊ ထိုသို့ပြုသောသူသည် လူသတ်ဖြစ်သောကြောင့်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေစားသေစေသောသူသည် တွေ့သောအခါသတ်ရမည်။
22. သို့မဟုတ် မုန်းသောစိတ်မရှိဘဲ အမှတ်တမဲ့တွန်းချသော်၎င်း၊ မချောင်းမြောင်းဘဲ တစုံတခုနှင့် ပစ်မိသော်၎င်း၊