ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 33:32-44 Judson Bible (BJB)

32. ဗင်္ယာကန်အရပ်မှပြောင်း၍ ဟောရဂိဒ်ဂဒ်အရပ်၌ စားခန်းချကြ၏။

33. ဟောရဂိဒ်ဂဒ်အရပ်မှပြောင်း၍ ယုပ္ဘသအရပ်၌စားခန်းချကြ၏။

34. ယုပ္ဘသအရပ်မှပြောင်း၍ ဧဗြောနအရပ်၌စားခန်းချကြ၏။

35. ဧဗြောနအရပ်မှပြောင်း၍ ဧဇယုန်ဂါဗာအရပ်၌ စားခန်းချကြ၏။

36. ဧဇယုန်ဂါဗာအရပ်မှပြောင်း၍ဇိနတော၊ ကာဒေရှအရပ်၌စားခန်းချကြ၏။

37. ကာဒေရှအရပ်မှပြောင်း၍ ဧဒုံပြည်အနားမှာဟောရတောင်၌ စားခန်းချကြ၏။

38. ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှထွက်သောနောက်၊ သက္ကရာဇ်လေးဆယ်၊ ပဥ္စမလ ပဌမနေ့ရက်၌ ထာဝရဘုရားအမိန့်တော်ရှိသည်တိုင်း၊ ယဇ်ပုရောဟိတ်အာရုန်သည် ဟောရတောင်ပေါ်သို့တက်၍ အနိစ္စရောက်လေ၏။

39. အာရုန်သည်ဟောရတောင်ပေါ်မှာ အနိစ္စရောက်သောအခါ၊ အသက် တရာနှစ်ဆယ်သုံးနှစ်ရှိသတည်း။

40. ခါနာန်ပြည်တောင်ပိုင်း၌နေသော ခါနနိရှင်ဘုရင်အာရဒ်သည် ဣသရေလအမျိုးသားရောက်ကြောင်းကို ကြားလေ၏။

41. သူတို့သည်ဟောရတောင်မှပြောင်း၍၊ ဇာလမောနအရပ်၌ စားခန်းချကြ၏။

42. ဇာလမောနအရပ်မှပြောင်း၍ ပုနုန်အရပ်၌စားခန်းချကြ၏။

43. ပုနုန်အရပ်မှပြောင်း၍ ဩဗုတ်အရပ်၌ စားခန်းချကြ၏။

44. ဩဗုတ်အရပ်မှပြောင်း၍ ဣဇာဗာရိမ်အရပ်၌စားခန်းချကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 33