ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 33:1-10 Judson Bible (BJB)

1. မောရှေနှင့် အာရုန်စီရင်၍ အဲဂုတ္တုပြည်မှထွက်လာသော ဣသရေလအမျိုးသား အလုံးအရင်းတို့သည် ခရီးသွားခြင်းအကြောင်းအရာများကို၊

2. ထာဝရဘုရားအမိန့်တော်အတိုင်း မောရှေမှတ်သား၍၊ ထိုခရီးသွားခြင်း အကြောင်းအရာပါသောစာရင်းဟူမူကား၊

3. ပဌမလတဆယ်ငါးရက်နေ့၌ ရာမသက်မြို့မှထွက်လာကြ၏။ ပသခါပွဲကို ခံပြီးသောနောက်၊ နက်ဖြန်နေ့၌ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုလူအပေါင်း တို့ရှေ့မှာဝါကြွားသောအခြင်းအရာနှင့် ထွက်လာကြ၏။

4. အကြောင်းမူကား၊ ထာဝရဘုရားဒဏ်ခတ်တော်မူသော သားဦးအပေါင်းတို့ကို အဲဂုတ္တုလူတို့သည် သင်္ဂြိုဟ်ရကြ၏။ သူတို့၏ဘုရားများကိုလည်း၊ ထာဝရဘုရားသည် တရားစီရင်တော်မူ၏။

5. ဣသရေလအမျိုးသားတို့သည် ရာမသက်မြို့မှပြောင်း၍ သုကုတ်အရပ်၌ စားခန်းချကြ၏။

6. သုကုတ်အရပ်မှပြောင်း၍ တောစပ်နား၊ ဧသံမြို့၌စားခန်းချကြ၏။

7. ဧသံမြို့မှပြောင်း၍ ဗာလဇေဖုန်မြို့ရှေ့မှာရှိသော ပိဟဟိရုတ်မြို့သို့ တဖန်လည်၍ မိဂဒေါလမြို့ရှေ့၌ စားခန်းချကြ၏။

8. ပိဟဟိရုတ်မြို့မှပြောင်း၍ ပင်လယ်အလယ်၌ရှောက်သွားသဖြင့် ဧသံတောသို့ ရောက်၍၊ ထိုတောထဲ၌သုံးရက်ခရီးသွားပြီးလျှင်၊ မာရအရပ်၌စားခန်းချကြ၏။

9. မာရအရပ်မှပြောင်း၍ ရေတွင်းဆယ်နှစ်တွင်းနှင့် စွန်ပလွံပင်ခုနစ်ဆယ်ရှိသော ဧလိမ်ရွာသို့ရောက်၍ စားခန်းချကြ၏။

10. ဧလိမ်ရွာမှပြောင်း၍ ဧဒုံပင်လယ်နားမှာ စားခန်းချကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 33