ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 31:42-54 Judson Bible (BJB)

42. တဖန်စစ်တိုက်သောသူတို့လက်မှ မောရှေယူ၍၊ ဣသရေလအမျိုးသား၊

43. ပရိသတ်တို့ခံရသောထက်ဝက်အဘို့ကား၊ သိုးသုံးသိန်းသုံးသောင်း ခုနစ်ထောင်ငါးရာ၊

44. နွားသုံးသောင်းခြောက်ထောင်၊

45. မြည်းသုံးသောင်းငါးရာ၊

46. လူတသောင်းခြောက်ထောင်ရှိသည်ဖြစ်၍

47. ဣသရေလအမျိုးသားခံရသောထက်ဝက်အဘို့ လူ၊ တိရစ္ဆာန် အကောင်ငါးဆယ်တို့တွင်တကောင်ကို မောရှေကောက်ယူ၍ ထာဝရဘုရား၏ တဲတော်ကိုစောင့်သော လေဝိသားတို့အားပေး၏။ ထိုသို့ ထာဝရဘုရားမှာထားတော်မူ၏။

48. လူတရာ၊ တထောင်ကိုအုပ်သောတပ်မှူးများ၊ ဗိုလ်များတို့သည်လည်း၊ မောရှေထံသို့ချဉ်းကပ်၍၊

49. ကိုယ်တော်ကျွန်တို့သည် အုပ်သောစစ်သူရဲတို့ကိုစာရင်းယူပြန်၍၊ လူတယောက်မျှမလျော့ပါ။

50. ထိုကြောင့်ထာဝရဘုရားရှေ့တော်၌ အသက်အဘိုးကိုဖြေဘို့ရာ လူအသီးအသီးရသောရွှေတန်ဆာ၊ လည်ဆွဲ၊ လက်ကောက်၊ လက်စွပ်၊ နားတောင်း၊ နှာခေါင်းဆွဲဘူးတို့ကို ထာဝရဘုရားအားပူဇော်လျက်ဆောင်ခဲ့ပါပြီဟု လျှောက်ဆိုလျှင်၊

51. မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာတို့သည်၊ ထိုရွှေတည်းဟူသော လုပ်ပြီးသောတန်ဆာ ရှိသမျှတို့ကို ခံယူကြ၏။

52. ထိုသို့စစ်သူရဲအသီးအသီးတို့သည် မိမိတို့အဘို့သိမ်းယူ၍၊

53. တပ်မှူးများ၊ ဗိုလ်များတို့သည် ထာဝရဘုရားအားပူဇော်သော ရွှေချိန်ပေါင်းကား၊ တရာခြောက်ဆယ်ခုနစ်ပိဿာနှင့် အကျပ်ငါးဆယ်ရှိသတည်း။

54. တပ်မှူးများ၊ ဗိုလ်များပူဇော်သောရွှေကို မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာတို့သည်ယူ၍၊ ဣသရေလအမျိုးသားတို့ကို ထာဝရဘုရားအောက်မေ့ တော်မူဘို့ရာ ပရိသတ်စည်းဝေးရာတဲတော်၌ သွင်းထားကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 31