အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 30 Judson Bible (BJB)

1. တဖန်ထာဝရဘုရားမိန့်တော်မူသောစကားကို မောရှေသည်၊ ဣသရေလ အမျိုးသားတို့တွင် အမျိုးအနွယ်တို့၌မင်းဖြစ်သောသူတို့အား ဆင့်ဆိုသည်ကား၊

2. လူယောက်ျားသည် ထာဝရဘုရားအား သစ္စာဂတိပြုသော်၎င်း၊ ကိုယ်စိတ်ဝိညာဉ်၌ချည်နှောင်၍ ကျိန်ဆိုခြင်းကိုပြုသော်၎င်း၊ မိမိပြောသောစကားကို မဖျက်ဘဲ၊ မိမိနှုတ်ထွက်ရှိသည်အတိုင်းပြုရမည်။

3. မိန်းမသည် အဘအိမ်၌အသက်ငယ်စဉ်အခါ၊ ထာဝရဘုရားအား သစ္စာဂတိပြုသော်၎င်း၊

4. ထိုသစ္စာစကား၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သောစကားကို အဘသည် ကြားလျက် တိတ်ဆိတ်စွာနေလျှင် ထိုသစ္စာစကားရှိသမျှတို့နှင့် ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သောစကားဟူသမျှတို့သည် တည်ရကြမည်။

5. သို့မဟုတ် အဘသည်ကြားသောနေ့၌ မြစ်တားလျှင်၊ ထိုသစ္စာစကားမည်မျှ၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သောစကားမည်မျှမတည်ရ။ အဘမြစ်တား သောကြောင့်၊ ထာဝရဘုရားလွှတ်တော်မူမည်။

6. မိန်းမသည်လင်ရှိလျက်၊ သစ္စာဂတိပြု၍ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်ခြင်းငှာ နှုတ်မြွက်သောအခါ၊

7. လင်သည်ကြားလျှင်၎င်း၊ ကြားသောနေ့၌ တိတ်ဆိတ်စွာနေလျှင်၎င်း၊ ထိုသစ္စာစကား၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သောစကားတည်ရမည်။

8. သို့မဟုတ် လင်သည်ကြားသောနေ့၌ မြစ်တားလျှင်၊ ထိုသစ္စာစကား၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သောစကားကို လင်သည်ပယ်၍၊ ထာဝရဘုရားလည်း လွှတ်တော်မူမည်။

9. လင်သေသောမိန်းမ၊ လင်နှင့်ကွာသောမိန်းမသည် ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သော သစ္စာဂတိအလုံးစုံတို့သည် တည်ရကြမည်။

10. လင်အိမ်၌ရှိစဉ်အခါ၊ သစ္စာဂတိပြုသော်၎င်း၊ ကျိန်ဆိုခြင်းအားဖြင့် ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သော်၎င်း၊

11. လင်သည်ကြားသော်လည်းမမြစ်တား တိတ်ဆိတ်စွာနေလျှင်၊ ထိုသစ္စာဂတိရှိသမျှ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်ခြင်းရှိသမျှတို့သည် တည်ရကြမည်။

12. သို့မဟုတ် လင်သည်ကြားသောနေ့၌ ရှင်းရှင်းပယ်ဘူးလျှင်၊ သစ္စာဂတိနှင့်၎င်း၊ စိတ်ဝိညာဉ်၌ ချည်နှောင်ခြင်းနှင့်၎င်း ဆိုင်သောစကားမည်မျှမတည်ရ။ လင်သည် ပယ်သောကြောင့်၊ ထာဝရဘုရားလည်းလွှတ်တော်မူမည်။

13. ခပ်သိမ်းသောသစ္စာဂတိ၊ ခြိုးခြံစွာကျင့်ခြင်းနှင့် ဆိုင်သမျှသော အချည်အနှောင်ကျိန်ဆိုခြင်းတို့ကို၊ လင်သည်တည်စေပိုင်သောအခွင့်၊ ပယ်ပိုင်သော အခွင့်ရှိ၏။

14. လင်သည် တနေ့ထက်တနေ့တိတ်ဆိတ်စွာနေလျှင်၊ မယားပြုသော သစ္စာဂတိရှိသမျှတို့နှင့် မယား၌ချည်နှောင်ခြင်းရှိသမျှတို့ကို တည်စေ၏။ ကြားသောနေ့၌ တိတ်ဆိတ်စွာနေသောကြောင့် တည်စေပြီ။

15. ထိုစကားကိုကြားသောနေ့နောက်မှ၊ လင်သည် ပယ်အံ့သောငှါပြုလျှင်၊ မယားအပြစ်ကို ကိုယ်တိုင်ခံရမည်။

16. ဤရွေ့ကား၊ မယားနှင့် လင်စပ်ကြား၌၎င်း၊ အဘအိမ်မှာ အသက်နုငယ်သောသမီးနှင့် အဘစပ်ကြား၌၎င်း၊ မောရှေအားဖြင့် ထာဝရဘုရားထားတော်မူသောပညတ်တရားဖြစ်သတည်း။