ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 3:4-14 Judson Bible (BJB)

4. နာဒပ်နှင့် အဘိဟုသည်၊ သိနာတောတွင် ထာဝရဘုရားရှေ့တော်၌ ထူးခြားသောမီးကိုပူဇော်သောအခါ ထာဝရဘုရားရှေ့တော်၌သေကြ၏။ သူတို့၌ သားမရှိသည်ဖြစ်၍၊ ဧလာဇာနှင့် ဣသမာသည်၊ အဘအာရုန်ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကိုဆောင်ရွက်ကြ၏။

5. ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊

6. သင်သည် လေဝိအမျိုးသားတို့ကိုခေါ်ခဲ့၍ ယဇ်ပုရောဟိတ်အာရုန်အမှုကို ဆောင်စေခြင်းငှါ၊ အာရုန်ထံ၌နေရာချလော့။

7. သူတို့သည် ပရိသတ်စည်းဝေးရာတဲတော်ရှေ့မှာ၊ အာရုန်နှင့် ပရိသတ်အပေါင်းတို့ဆောင်ရသော အမှုတည်းဟူသောတဲတော်အမှုကို ဆောင်ရွက်ရကြမည်။

8. သူတို့သည် ပရိသတ်စည်းဝေးရာတဲတော်တန်ဆာရှိသမျှတို့ကို ကြည့်ရှုပြုစု၍၊ ဣသရေလအမျိုးသားဆောင်ရသော တဲတော်အမှုကိုဆောင်ရကြမည်။

9. လေဝိသားတို့ကို၊ အာရုန်နှင့် သူ၏သားတို့၌အပ်ရမည်။ ဣသရေလအမျိုးထဲက သူတို့ကိုရွေး၍ ငါ့အားအပိုင်ပေးရမည်။

10. အာရုန်နှင့် သူ၏သားတို့ကိုလည်းခန့်ထား၏။ သူတို့သည် ယဇ်ပုရောဟိတ်အမှုကိုစောင့်ရကြမည်။ သူ၏အမျိုးမှတပါး အခြားသောသူသည် ချဉ်းကပ်လျှင် အသေသတ်ခြင်းကိုခံရမည်ဟု မိန့်တော်မူ၏။

11. တဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊

12. ဣသရေလအမျိုးတွင် အဦးဘွားမြင်သောသားဦးများအတွက် လေ၀ိသားတို့ကို ငါရွေးယူသောကြောင့်၊ လေဝိသားတို့သည် အထူးသဖြင့်ငါ၏လူဖြစ်ရကြမည်။

13. အကြောင်းမူကား အဲဂုတ္တုပြည်၌သားဦးအပေါင်းတို့ကို ငါသည် ဒဏ်ခတ်သောအခါ ဣသရေလအမျိုးတွင်လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ သားဦးအပေါင်းတို့ကို ငါအဖို့ငါသန့်ရှင်းစေသောကြောင့် သားဦးအပေါ်တို့ကို အထူး သဖြင့်ငါပိုင်ရ၏။ ငါသည်ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။

14. တဖန်ထာဝရဘုရားသည်၊ သိနာတော၌ မောရှေအားမိန့်တော်မူသည်ကား၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 3