ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 3:1-9 Judson Bible (BJB)

1. ထာဝရဘုရားသည်သိနာတောင်ပေါ်မှာ မောရှအား ဗျာဒိတ်ပေးတော်မူသောအခါ၊ အာရုန်နှင့် မောရှေအမျိုးအနွယ်၏အတ္ထုပ္ပတ္တိများကို မှတ်သားသည်တွင်၊

2. အာရုန်၏သားဟူမူကား၊ သားဦးနာဒပ်၊ ညီအဘိဟု၊ ဧလာဇာ၊ ဣသမာတည်း။

3. ဤသူတို့ကား၊ အဘသည် ယဇ်ပုရောဟိတ်အမှုကိုဆောင်စေခြင်းငှါ ဆီလောင်းခြင်းဘိသိက်ကိုပေး၍ အရာ၌ခန့်ထားသော အာရုန်၏သားဖြစ်ကြသတည်း။

4. နာဒပ်နှင့် အဘိဟုသည်၊ သိနာတောတွင် ထာဝရဘုရားရှေ့တော်၌ ထူးခြားသောမီးကိုပူဇော်သောအခါ ထာဝရဘုရားရှေ့တော်၌သေကြ၏။ သူတို့၌ သားမရှိသည်ဖြစ်၍၊ ဧလာဇာနှင့် ဣသမာသည်၊ အဘအာရုန်ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကိုဆောင်ရွက်ကြ၏။

5. ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊

6. သင်သည် လေဝိအမျိုးသားတို့ကိုခေါ်ခဲ့၍ ယဇ်ပုရောဟိတ်အာရုန်အမှုကို ဆောင်စေခြင်းငှါ၊ အာရုန်ထံ၌နေရာချလော့။

7. သူတို့သည် ပရိသတ်စည်းဝေးရာတဲတော်ရှေ့မှာ၊ အာရုန်နှင့် ပရိသတ်အပေါင်းတို့ဆောင်ရသော အမှုတည်းဟူသောတဲတော်အမှုကို ဆောင်ရွက်ရကြမည်။

8. သူတို့သည် ပရိသတ်စည်းဝေးရာတဲတော်တန်ဆာရှိသမျှတို့ကို ကြည့်ရှုပြုစု၍၊ ဣသရေလအမျိုးသားဆောင်ရသော တဲတော်အမှုကိုဆောင်ရကြမည်။

9. လေဝိသားတို့ကို၊ အာရုန်နှင့် သူ၏သားတို့၌အပ်ရမည်။ ဣသရေလအမျိုးထဲက သူတို့ကိုရွေး၍ ငါ့အားအပိုင်ပေးရမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 3