ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 29:1-11 Judson Bible (BJB)

1. သတ္တမလ၊ ပဌမနေ့ရက်၌ဓမ္မစည်းဝေးခြင်းကိုပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။ တံပိုးမှုတ်ခြင်းကိုပြုရသောနေ့ဖြစ်၏။

2. ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့နှင့် မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည်အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်တို့ကို ပူဇော်ရမည်။

3. နွားတကောင်လျှင် ဆီရောသောမုန့်ညက်သုံးဩမဲ၊ သိုးတကောင်လျှင် နှစ်ဩမဲ၊

4. သိုးသငယ်ခုနစ်ကောင်စေ့အောင်၊ တကောင်လျှင် တဩမဲစီနှင့် ဘောဇဉ်ပူဇော်သက္ကာပြုရမည်။

5. အပြစ်ဖြေခြင်းကိုပြုအံ့သောငှါ၊ အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်ကိုလည်း ပူဇော်ရမည်။

6. ထိုသို့ထုံးစံရှိသည့်အတိုင်း၊ လဆန်းနေ့မီးရှို့ရာယဇ်နှင့် သူ၏ဘောဇဉ်ပူဇော်သက္ကာ၊ နေ့တိုင်းပြုသောမီးရှို့ရာယဇ်နှင့် သူ၏ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာမှတပါး၊ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့နှင့် မီးဖြင့်ပြုသောယဇ်ပူဇော်သက္ကာကို ပူဇော်ရမည်။

7. ၎င်းလ၊ ဒသမနေ့ရက်၌ ဓမ္မစည်းဝေးခြင်းကိုပြု၍ ခြိုးခြံစွာကျင့်ရမည်။ အဘယ်အလုပ်ကိုမျှမလုပ်ရ။

8. ထိုနေ့၌ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့နှင့် မီးရှို့ရာယဇ်ဘို့ အသက်ပျိုသောနွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည်အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်တို့ကို ပူဇော်ရမည်။

9. နွားတကောင်လျှင် ဆီရောသောမုန့်ညက်သုံးဩမဲ၊ သိုးတကောင်လျှင် နှစ်ဩမဲ၊

10. သိုးသငယ်ခုနစ်ကောင်စေ့အောင်၊ တကောင်လျှင် တဩမဲစီနှင့် ဘောဇဉ်ပူဇော်သက္ကာပြုရမည်။

11. အပြစ်ဖြေခြင်းကိုပြုအံ့သောငှါ၊ အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်ကို ပူဇော်ရမည်။ ထိုသို့အပြစ်ဖြေခြင်းငှါ အပြစ်ဖြေရာယဇ်၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်၊ သူ၏ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး ထပ်၍ပြုရမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 29