ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 28:12-27 Judson Bible (BJB)

12. နွားတကောင်အဘို့၊ ဆီရောသော မုန့်ညက်သုံးဩမဲ၊ သိုးတကောင်အဘို့၊ ဆီရောသော မုန့်ညက်နှစ်ဩမဲ၊

13. သိုးသငယ်တကောင်အဘို့၊ ဆီရောသောမုန့်ညက်တဩမဲစီ တည်းဟူသော ဘောဇဉ်ပူဇော်သက္ကာနှင့်တကွ၊ ထာဝရဘုရားအားမီးဖြင့်ပူဇော်၍ မီးရှို့ရာယဇ်ကို ပြုရမည်။

14. သွန်းလောင်းရာပူဇော်သက္ကာဘို့ကား၊ နွားတကောင်နှင့် စပျစ်ရည် ခြောက်လောဃ၊ သိုးတကောင်နှင့် လေးလောဃ၊ သိုးသငယ်တကောင်နှင့် သုံးလောဃကို ပူဇော်ရမည်။ ထိုသို့ လတိုင်းအစဉ်မပြတ် မီးရှို့ရာယဇ်ကို ပူဇော်ရမည်။

15. နေ့တိုင်းအစဉ်ပူဇော်သော မီးရှို့ရာယဇ်၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ အပြစ်ဖြေရာယဇ်ဘို့ ထာဝရဘုရားအား ဆိတ်သငယ်တကောင်ကိုလည်း ပူဇော်ရမည်။

16. ပဌမလတဆယ်လေးရက်နေ့၌၊ ထာဝရဘုရား၏ပသခါပွဲဖြစ်၏။

17. ၎င်းလတဆယ်ငါးရက်နေ့၌ ပွဲကိုခံရမည်။ ခုနစ်ရက်ပတ်လုံးတဆေးမဲ့မုန့်ကို စားရကြမည်။

18. ပဌမနေ့၌ ဓမ္မစည်းဝေးခြင်းကိုပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။

19. ထာဝရဘုရားအား မီးဖြင့်ပြုသောယဇ်တည်းဟူသော အသက်ပျိုသော နွားထီးနှစ်ကောင်၊ သိုးထီးတကောင်၊ အခါမလည် အပြစ်မပါသောသိုးသငယ် ခုနစ်ကောင်တို့ကိုမီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။

20. နွားတကောင်လျှင် ဆီရောသော မုန့်ညက်သုံးဩမဲ၊ သိုးတကောင်လျှင် နှစ်ဩမဲ၊

21. သိုးသငယ်ခုနစ်ကောင်စေ့အောင်၊ တကောင်လျှင် တဩမဲစီနှင့် ဘောဇဉ်ပူဇော်သက္ကာပြုရမည်။

22. အပြစ်ဖြေခြင်းကိုပြုအံ့သောငှာ၊ အပြစ်ဖြေရာယဇ်ဘို့ ဆိတ်တကောင်ကိုလည်း ပူဇော်ရမည်။

23. နေ့ရက်အစဉ် နံနက်တိုင်းပူဇော်သော မီးရှို့ရာယဇ်မှတပါး၊ ထိုယဇ်များကို ထပ်၍ပူဇော်ရမည်။

24. ထိုသို့ အစဉ်အမြဲပူဇော်သောမီးရှို့ရာယဇ်၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး ခုနစ်ရက်ပတ်လုံးတနေ့တနေ့လျှင် ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့နှင့် မီးဖြင့်ပြုသောပူဇော်သက္ကာ အစာအာဟာရကိုပူဇော်ရမည်။

25. သတ္တမနေ့၌လည်း၊ ဓမ္မစည်းဝေးခြင်းကိုပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။

26. ထိုမှတပါး၊ သိတင်းခုနစ်သိတင်းစေ့ပြီးမှ၊ ဘောဇဉ်ပူဇော်သက္ကာအသစ်ကို ထာဝရဘုရားထံတော်သို့ဆောင်ခဲ့သောနေ့၊ အဦးသီးသောအသီးနေ့ရက်၌ ဓမ္မစည်းဝေးခြင်းကိုပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။

27. ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့နှင့် မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီးနှစ်ကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုးသငယ်ခုနစ်ကောင်တို့ကို ပူဇော်ရမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 28