ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 26:59-65 Judson Bible (BJB)

59. အာမရံ၏မယားကား၊ အဲဂုတ္တုပြည်၌ လေဝိမယားဘွားမြင်သော လေဝိ၏ သမီးယောခေဗက်တည်း။ ထိုမိန်းမသည် အာမရံ၏မယားဖြစ်၍၊ အာရုန်၊ မောရှေ၊ နှမမိရိအံတို့ကိုဘွားမြင်လေ၏။

60. အာရုန်၏သားကား၊ နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတည်း။

61. နာဒပ်နှင့် အဘိဟုတို့သည် ထာဝရဘုရားရှေ့တော်၌ ထူးခြားသောမီးကို ပူဇော်သောအခါသေကြ၏။

62. အသက်တလလွန်၍ စာရင်းဝင်သော လေဝိသားယောက်ျားပေါင်းကား၊ နှစ်သောင်းသုံးထောင်ရှိသတည်း။ သူတို့သည် ဣသရေလအမျိုးသားတို့နှင့်အတူ အမွေမခံရသောကြောင့်၊ ရောနှော၍စာရင်းမဝင်ရကြ။

63. ဤရွေ့ကား၊ မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာတို့သည်၊ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တဘက်၌စာရင်းယူသော ဣသရေလ အမျိုးသားပေတည်း။

64. မောရှေနှင့် ယဇ်ပုရောဟိတ်အာရုန်တို့သည်၊ သိနာတော၌ ဣသရေလအမျိုးသားတို့ကိုစာရင်းယူ၍၊ ထိုစာရင်း၌ဝင်သောသူ တယောက်မျှမပါ။

65. အကြောင်းမူကား၊ ထိုသူတို့သည်တော၌ အမှန်သေရကြမည်ဟု ထာဝရဘုရား မိန့်တော်မူပြီ။ ယေဖုန္နာ၏သား ကာလက်နှင့် နုန်၏သားယောရှုမှတပါး၊ အရင်လူတယောက်မျှ မကြွင်းမကျန်ရ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 26