ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 25:12-16 Judson Bible (BJB)

12. သို့ဖြစ်၍သင်ပြောရသည်ကား၊ ငါ၏ချမ်းသာပဋိညာဉ်ကို သူ့အားငါပေး၏။

13. သူသည် မိမိဘုရားသခင်ဘက်၌ စိတ်အားကြီး၍ ဣသရေလအမျိုးသားတို့အဘို့ အပြစ်ဖြေခြင်းကိုပြုသောကြောင့်၊ သူမှစ၍ သားစဉ်မြေးဆက်တို့သည် ထိုပဋိညာဉ်တည်းဟူသော ထာဝရယဇ်ပုရောဟိတ် အရာနှင့်ဆိုင်သော ပဋိညာဉ်ကိုရပြီဟု မောရှေအားမိန့်တော်မူ၏။

14. မိဒျန်မိန်းမနှင့် အသေသတ်ခြင်းကိုခံရသော ဣသရေလလူ၏အမည်ကား၊ ရှိမောင်အမျိုး၌ထင်ရှားသောအဆွေအမျိုးတွင် အကဲအမှူးသာလု၏သား ဇိမရိဖြစ်သတည်း။

15. အသေသတ်ခြင်းကိုခံရသော မိဒျန်မိန်းမအမည်ကား၊ မိဒျန်အမျိုး၌ ထင်ရှားသောအဆွေအမျိုးတွင် အကဲအမှူးဇုရ၏သမီးကောဇဘိဖြစ်သတည်း။

16. ထာဝရဘုရားကလည်း၊ မိဒျန်အမျိုးသားတို့ကို နှောင့်ရှက်၍လုပ်ကြံကြလော့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 25