ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 25:1-4 Judson Bible (BJB)

1. ဣသရေလအမျိုးသားတို့သည် ရှိတ္တိမ်အရပ်၌နေသောအခါ၊ အချို့တို့သည် မောဘမိန်းမတို့နှင့် မတရားသောမေထုန်ကိုပြုကြ၏။

2. ထိုမိန်းမတို့သည် မိမိတို့ဘုရားရှေ့မှာ ယဇ်ပူဇော်ရာပွဲသို့ ဣသရေလလူတို့ကို ခေါ်သွားသဖြင့်၊ ယောက်ျားတို့သည် ယဇ်သားကိုစား၍ ထိုဘုရားရှေ့မှာဦးချကြ၏။

3. ထိုသို့ဣသရေလအမျိုးသားတို့သည်၊ ဗာလပေဂုရဘုရားကို ဆည်းကပ်သောကြောင့်၊ ထာဝရဘုရားသည် အမျက်ထွက်တော်မူ၏။

4. ထာဝရဘုရားကလည်း၊ ငါသည်ပြင်းစွာသော အမျက်တော်ကို ဣသရေလအမျိုးမှလွဲစေခြင်းငှာ၊ ဣသရေလမင်းအပေါင်းတို့ကိုခေါ်၍၊ ပြစ်မှားသော သူတို့ကို ဘုရားရှေ့မှာထင်ရှားစွာဆွဲထားလော့ဟု မောရှေအားမိန့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 25